အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မျက်စိတ်ကခြောက် စိတ်ကကြောက် လက်ကမလုပ်လောက်

မျက်စိတ်ကခြောက် စိတ်ကကြောက် လက်ကမလုပ်လောက်

Written By MyanmarChnnel@ on Monday, December 23, 2013 | 11:49 PM

တစ်ခါက ရွာလေးတစ်ရွာမှာ ကောင်လေး တစ်ယောက်ရှိတယ်။ သူဟာ ပင်ပန်းတဲ့အလုပ်ဆိုရင် လုပ်ချင်လေ့မရှိဘူး။ နေပူထဲသွားမှာလဲ သူ မလုပ်နိုင်ဘူး။ ပြောရရင်တော့ သူ က လူပျင်းလေး ဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ ဖခင်က ...

'' ငါ့သား ဒီနေ့ စပါးခင်းကို အပြီးရိတ်သိမ်းရမယ် သားပါ ၀င်သိမ်းကူပေးနော် ''


''ဟုတ် ''


''ငါ့သားလေးက လိမ္မာပါတယ်ကွယ်''

သူ ပြန်မပြောသာလို့ ငြိမ်နေလိုက်ပေမယ့် မျက်လုံးက လယ်ကွင်းထဲ ကို  ရောက်သွားတယ်။  မျက်စိတဆုံး မြင်နေရတဲ့ ဒီလယ်ကွင်းထဲက စပါးတွေကို ဒီနေ့ အပြီးသိမ်းရမယ်တဲ့။ သူ စိတ်မပါပေမယ့် ဆင်းခဲ့ရတယ်။

အောက်ကိုရောက်တော့ အတူရိတ်သိမ်းမယ့် သူက စုစုပေါင်း ငါးယောက်။ အဖေရယ်၊ အမေ ရယ်၊ သူရယ် ၊ လူငှား နှစ်ယောက်ရယ် ..  ။ သူ့စိတ်ထဲက တွေးလိုက်တယ်.. ဒီနေ့ ပြီးမှာ မဟုတ်ဘူး လူငါးယောက်နဲ့ ဒီ လယ်ကွင်း အကျယ်ကြီးက ဘယ်လိုမှမပြီးနိုင်ဘူးလို့ တွက်ဆလိုက်တယ် ။ ဒီလိုနဲ့ သူတို့ ငါးယောက်ဟာ ဟာသတွေပြော တစ်ယောက်နဲ့ တစ်ယောက် စနောက်ရင်း  ညနေ နေမစောင်းခင်မှာ အားလုံး ရိတ်သိမ်းပြီးသွားတယ်။ ဒီတော့ သူ တအံ့တသြနဲ့ ....

'' ဒီနေ့ အားလုံးပြီးမယ်လို့ မထင်မိဘူး ဘယ်လိုပြီးသွားတာလဲ မြန်လိုက်တာ လို့ နှုတ်က ပြောထွက်မိသွားတယ် ။''

 ဒီ စကားလုံးကို ကြားတဲ့ သူ့ဖခင်က

'' ငါ့သား ... မျက်စိဆိုတာ ခြောက်တတ်တယ်၊ စိတ်ဆိုတာ ကြောက်တတ်တယ်။ မျက်လုံးထဲက မြင်နေရတာ အကျယ်ကြီးလို့ထင်လိုက်တာနဲ့ စိတ်က ကြောက်သွားတယ်၊  တကယ်ဆင်းလုပ်လိုက်ရင် ဘာမှ မဖြစ်စလောက်လေးပဲ။  စကားပုံတောင် ရှိသေးတာပဲ ''

'' မျက်စိတ်ကခြောက် စိတ်ကကြောက် လက်ကမလုပ်လောက်တဲ့......  ငါ့သား ခု အလုပ်ကို ကြောက်သေးလား ''

'' မကြောက်တော့ပါဘူး အလုပ်က ကြောက်ဖို့မှမကောင်းတာပဲ အဖေရယ် ... ''

ဇာတ်လမ်းလေးကတော့ ဒါပါပဲ။

ဒီ စာစုထဲမှာ အလုပ်ကို ကြောက်စရာလို့ ယူဆသူတွေအားလုံး တကယ်တမ်း အလုပ်ကကြောက်စရာမဟုတ်ဘူးဆိုတာကို ပြောရင်းနဲ့ စာချစ်သူ ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


မှတ်ချက် ။                 ။ ငယ်ငယ်က အဖေ ပြောပြဖူးသော ပုံပြင်ပမာ ဥပမာလေးပါ ။
                   
                                                          လွမ်းဆုလေး



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်