မင်းသိအောင်
ပြောပြချင်တာပေါ့
မင်းနားတွေ ပူနေမှာစိုးလို့
ငါ မျိုချလိုက်တာပါ ။
မင်းသိအောင်
ရင်ဖွင့်ချင်တာပေါ့
မင်းရင်ထဲမှာ မွန်းနေမှာစိုးလို့
ငါ မျိုသိပ်လိုက်တာပါ။
မင်း သိအောင်
ရေးဖွဲ့ချင်တာပေါ့
မင်း စိတ်ထဲမှာ ရှုပ်သွားမှာစိုးလို့
ငါ မရေးချင်တော့တာပါ။
မင်းသိအောင်
ဆိုပြချင်တာပေါ့
ငါ့ရင်ထဲကအလွမ်းတွေကြောင့်
မင်း အနှောင့်ယှက် မဖြစ်စေချင်လို့ပါ။
ငါ အရမ်းချစ်တယ်ဆိုတာတစ်ခုပဲ
မင်း သိထားပါချစ်သူရယ် ....
ကျန်တာတွေကို ဘေးဖယ်ထားပေးပါ
ကျေးဇူးပြုပြီးတော့ လေ
မင်း ပင်ပန်းမှာ မမြင်ချင်ဆုံးသူက
ငါ ဖြစ်နေလို့ပါ ဟာ ....
လွမ်းဆုလေး
ပြောပြချင်တာပေါ့
မင်းနားတွေ ပူနေမှာစိုးလို့
ငါ မျိုချလိုက်တာပါ ။
မင်းသိအောင်
ရင်ဖွင့်ချင်တာပေါ့
မင်းရင်ထဲမှာ မွန်းနေမှာစိုးလို့
ငါ မျိုသိပ်လိုက်တာပါ။
မင်း သိအောင်
ရေးဖွဲ့ချင်တာပေါ့
မင်း စိတ်ထဲမှာ ရှုပ်သွားမှာစိုးလို့
ငါ မရေးချင်တော့တာပါ။
မင်းသိအောင်
ဆိုပြချင်တာပေါ့
ငါ့ရင်ထဲကအလွမ်းတွေကြောင့်
မင်း အနှောင့်ယှက် မဖြစ်စေချင်လို့ပါ။
ငါ အရမ်းချစ်တယ်ဆိုတာတစ်ခုပဲ
မင်း သိထားပါချစ်သူရယ် ....
ကျန်တာတွေကို ဘေးဖယ်ထားပေးပါ
ကျေးဇူးပြုပြီးတော့ လေ
မင်း ပင်ပန်းမှာ မမြင်ချင်ဆုံးသူက
ငါ ဖြစ်နေလို့ပါ ဟာ ....
လွမ်းဆုလေး
0 comments:
Post a Comment