အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » လွမ်းရဖြေမဆည်

လွမ်းရဖြေမဆည်

Written By MyanmarChnnel@ on Friday, August 16, 2013 | 9:28 PM

တစ်နေ့မှာ ဖွင့်ပြောမှာပေါ့
မျှော်လင့်ကာ တမ်းတမှုတွေနဲ့
အလွမ်းလေးတွေ ရင်မှာသိမ်းရင်း
တွယ်တွာမိတဲ့ စိတ်ကလေးများရယ်
လွမ်းရပါတယ်။

သူ့ကြင်နာ ကိုယ်သာပိုင်လို့
သူ့အချစ်တွေ ကိုယ်သာရမယ်ပေါ့
တွေးမိလေသမျှ ပျော်ရွှင်ခဲ့တဲ့
အချိန်လေးများရယ်
လွမ်းရပါတယ်။

စိတ်ကူးအိမ်လေမှာဆောက်လို့
သူ့ချစ်ခြင်းများနဲ့ မွမ်းမံရင်း
အပြုံးတွေဝေဆာနေသမျှ
ကြည်နူးမ၀တဲ့ ကာလများရယ်
လွမ်းရပါတယ် ။

မေတ္တာကန်ပြင်ဝယ်
သစ္စာလှေ အတူစီးပါလို့
အချစ်ပန်းတွေ အတူ ခူးချေမပေါ့
တမ်းတကာ မျှော်လင့်လေသမျှ

သြော် ခုတော့ကွယ်......
လွမ်းရဖြေမဆည်။

ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်