''အ'' နဲ့ စ တဲ့ ''အချစ် ''
''အ'' နဲ့ စ တဲ့ ''အမုန်း ''
''အ'' နဲ့ စ တဲ့ ''အလွမ်း ''
ဒါတွေရဲ့ အဆုံးမှာ
ငါ ထားရမှာ နားလည်မှု
ခံစားရမှာ နာကျင်မှု
ဝမ်းနည်းမှု ၀မ်းသာမှုတွေ။
ငါ မလိုချင်ဘူး
ငါ မမက်မောဘူး
မလာပါနဲ့ မဖိတ်ခေါ်ဘူး
ငါ မမက်မောဘူး
မလာပါနဲ့ မဖိတ်ခေါ်ဘူး
ဒီနှောင်ကြိုးတွေ
မချည်ထားပါနဲ့ ကြောက်လို့ပါ ။
မချည်ထားပါနဲ့ ကြောက်လို့ပါ ။
ဖြေပေးပါ ငါ့ကို ချည်ထားတဲ့ ကြိုးတွေ
ငါ တစ်ဖက်ကမ်းခတ် ကူးမြောက်ချင်တယ်
အားလုံးနဲ့ ဆန့်ကျင်ရာကိုပေါ့
ငါ တစ်ဖက်ကမ်းခတ် ကူးမြောက်ချင်တယ်
အားလုံးနဲ့ ဆန့်ကျင်ရာကိုပေါ့
ဒါပေမယ့် ...........
ငါ ပြေးမလွတ်ခဲ့ဘူး
စက်ကွင်းထဲကျ ငါ မာန အတ္တ ဥပက္ခာတွေ
ငါ ပြေးမလွတ်ခဲ့ဘူး
စက်ကွင်းထဲကျ ငါ မာန အတ္တ ဥပက္ခာတွေ
အားလုံးကို ခ၀ါချ မင်းရှေ့မှောက်မှာ
အရှုံးကြီး ရှုံးခဲ့တယ် ငါ ရှုံးခဲ့တယ်
အရှုံးကြီး ရှုံးခဲ့တယ် ငါ ရှုံးခဲ့တယ်
ငါ့ဘယ်မှ မရွေ့နိုင်အောင် တုတ်နှောင်ထားတဲ့ ဒီကြိုး
ငါကိုယ်တိုင် မှားမှန်းသိရက်
တိုးဝင်မိလေတော့
နောင်တမဲ့အမှားနဲ့အတူ
ငါ ပေးဆပ်ရုံပေါ့ ။
ဆုလေးနွယ်
0 comments:
Post a Comment