ဒီရင်ကို ထပ်မဖွင့်ဘူး
နာကျင်နေတဲ့ ဒဏ်ရာတွေ
သူ့ဘာသူ နေသားတကျ ရှိပါစေတော့။
အနေဝေးလို့ သွေးအေးခဲ့ပေမယ့်
အသစ်ပြန်မဖြစ်နိုင်တဲ့
ဒီဒဏ်ရာတွေ သေရာပါ
သိမ်းသွားပါ့မယ်။
ကြေကွဲမှာကြိုသိရက်
နောက်ဆုတ်ရင်း မှားခဲ့တဲ့ ခြေလှမ်းတွေ
နာကျင်ခြင်းကမ္ဘာအရောက်
သယ်ဆောင်လေခဲ့ပြီ။
ရှုံးနိမ့်မှာသိနေရက်
ဆွဲနုတ်မရခဲ့တဲ့ ဒီဆူးတွေ
သွေးအလိမ်းလိမ်းကျ အောင်
အဆူးခံပြီး မိုက်ခဲ့သူမို့
ကိုယ့်အပြစ်နဲ့ကိုယ်ပါ။
မီးဆိုတာ ပူမှန်းသိရက်
အရဲစွန့်တိုးခဲ့သူ
မီးပင်လယ်မှာ ပြာကျလို့
ပြာမှုန်ဖြစ်တောင်
ဆက်မိုက်နေမယ့် သူပါ။
အမှားကိုကိုးကွယ်
အမှန်တွေဝေးခဲ့ပြီမို့
ရှုံးနိမ့်ခြင်းသံသရာမှာ
အမုန်းတွေနဲ့ မျှောနေရပါစေတော့ ...........
ဆုလေးနွယ်
အမုန်းတွေနဲ့သာမျှောနေရပါစေတော့
Written By MyanmarChnnel@ on Wednesday, July 31, 2013 | 2:40 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment