အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အဆုံးသတ်

အဆုံးသတ်

Written By MyanmarChnnel@ on Wednesday, July 31, 2013 | 2:38 AM

ထပ်မမြင်တော့တဲ့ ရက်ရဲ့ ပြက္ခဒိန်တွေ
ထပ်ပြင်မရတော့တဲ့ ငါ့နှလုံးသား
ဟင်းလင်းပြင်ဖြစ်ခဲ့တာတောင်
အမှတ်မရှိ တမ်းတနေဆဲ။

မနက်ဖြန်ဆိုတာ ရှိနေမှာမှန်ပေမယ့်
ငါ ဆိုတဲ့ ငါကတော့ မရှိနိုင်တော့ပါဘူး ။

လောကကြီးက ပျော်စရာကောင်းတယ်ဆိုတာ
ငါ့အတွက်ဟာသ တစ်ခု ဖတ်ရသလိုပဲ။


ပျော်ရွှင်မှုဆိုတာ သုည မှာ ရှိခဲ့တဲ့ငါ
ဘယ်တော့မှ အရှုံးမရှိပါဘူး

ဝမ်းနည်းခြင်းတွေ အားငယ်ခြင်းတွေ
ပြည့်နေခဲ့တဲ့ ငါ့ကမ္ဘာမှာ
အရာအားလုံး အမှောင်ချ
ငါ အဆုံးသတ်လိုက်တော့မယ်။

အချစ်ဆိုတာကို နားလည်အောင်သင်ပေးခဲ့လို့
ကျေးဇူးတင်ပါတယ်။

ဒီဘ၀ ငါ မသေခဲ့သမျှတော့
အချစ်ဆိုတာကို ဖက်တွယ်ထားမှာပါ။

နောင်ဘ၀ဆိုတာလဲ ရှိခဲ့ရင်လဲ
အချစ်ဆိုတာကို မကြားပါရစေနဲ့လို့
ဒီစာနဲ့အတူ ဆုတောင်းပါတယ်။



ငါတို့ရဲ့ အဆုံးသတ်က မလှပပေမယ့် 
ငါ ကျေနပ်ပါတယ်ဟာ....

လောကကြီးက ကောင်းပါတယ်
ငါ မကောင်းခဲ့တာပဲနေမှာပါ.....
                                       ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်