ငါ မငိုပါဘူး
ရင်နဲ့မဆံ့တဲ့ အံကြိတ်ငိုကြွေးရတဲ့
ရင်ထဲက ငိုကြွေးခြင်းနဲ့သာ
ငါ ငိုပါတယ်။
ငါ မတားရက်ပါဘူး
ပျော်မယ်ဆို ထွက်သွားလိုက်ပါ
ဒဏ်ရာတွေနဲ့ သွေးရှင်ရှင်ကျနေတဲ့
ငါ့ရင်ကို ပြန်လှည့်မကြည့်ပါနဲ့။
ငါ ချုပ်နှောင်မထားပါဘူး
အမြဲတမ်းအရှုံးပေးထားပါတယ်
နင်လွတ်လပ်မယ်ဆို
ပျံထွက်သွားပါ။
ငါ မပြောရက်ပါဘူး
ငါ့ထက်ပိုနားလည်
ပိုချစ်နိုင်မယ့်သူ ရှိရင်
ငါကိုလှည့်မကြည့်ပဲ
ထွက်သွားနိုင်ပါတယ်။
အရာအားလုံး ပေးဆပ်ထားပါတယ်
ဆုလေးနွယ်
ပေးဆပ်ထားပါတယ်
Written By MyanmarChnnel@ on Wednesday, July 31, 2013 | 2:36 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment