အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အားလုံးရဲ့နောက်ကွယ်

အားလုံးရဲ့နောက်ကွယ်

Written By MyanmarChnnel@ on Wednesday, July 31, 2013 | 2:27 AM

အပြုံးရဲ့နောက်ကွယ်
ငိုကြွေခြင်းတွေ နေရာယူထားတယ်။

မျှော်လင့်ခြင်းရဲ့နောက်ကွယ်
မခိုင်မာခြင်းက နေရာယူထားတယ်။

တမ်းတခြင်းရဲ့နောက်ကွယ်
ခွဲခွာခြင်းက နေရာယူထားတယ်။

ပိုင်ဆိုင်လိုခြင်းရဲ့နောက်ကွယ်
စွန့်လွတ်ခြင်းက နေရာယူထားတယ်။

ချစ်ခြင်းရဲ့နောက်ကွယ်
မတည်မြဲခြင်းက နေရာယူထားတယ်။

နားလည်ခြင်းရဲ့နောက်ကွယ်
သံသယတွေက နေရာယူထားတယ်။

ကြင်နာခြင်းရဲ့နောက်ကွယ်
ရက်စက်ခြင်းက နေရာယူထားတယ်။

စာနာခြင်းရဲ့နောက်ကွယ်
အမုန်းများက နေရာယူထားတယ်။

အမှတ်မရှိတဲ့ငါကလဲ
အနာတရဖြစ်အောင်ပဲ ထပ်လုပ်မိတယ်။

နောက်ဆုံး ငါ့ကိုယ်ငါ ကြည့်မိချိန်
ရင်မှာ ရဲရဲနီနေတဲ့ သွေးစက်တွေ...

မှားမှန်းသိပေမယ့် အမှားကိုပဲ
ကျေနပ်စွာခံယူခဲ့သူ ငါ......

မဆုံးနိုင်တဲ့ အမှားတွေထဲမှာ
မှားပြီးရင်း မှားနေခဲ့မိတယ်။

                                   ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်