သူငယ်ချင်းဆို တာ...
ကိုယ့်အကြောင်း မကောင်းတာ မပြောဘူး
ကိုယ့်အခက်ခဲအားလုံးကို
သူနားလည်စွာ ကူညီဖြေရှင်းကူတယ်။
ကိုယ်ဘာဖြစ်ဖြစ် ကိုယ့်နားက စွန့်ခွာ မသွားဘူး
အတူရင်ဆိုင် အားပေးရင်း
ဖြေရှင်းကူတယ်။
သူငယ်ချင်းဆိုတာ ...
ကိုယ့်အတွက် အနစ်နာခံ
အမုန်းခံ အပင်ပန်းခံ
ပြောဆိုဆုံးမ နေမယ့်
လမ်းပြကြယ်လေးပဲ။
သူငယ်ချင်းဆိုတာ ......
တန်ဖိုးမဖြတ်နိုင်တဲ့
ရှားပါ ပစ္စည်းလိုပဲ ။
သူငယ်ချင်းဆိုတာ ...
အစားပြန်မရတော့တဲ့
ဘာနဲ့မှ လဲလှယ်ယူမရတဲ့
ရတနာ တစ်ခု ပဲ ။
သူငယ်ချင်းတို့အားလုံး
သူငယ်ချင်းကို တန်ဖိုးထားတတ်ကြပါစေ
မြတ်နိုးတတ်ပါစေ ။
ဆုလေးနွယ်
0 comments:
Post a Comment