အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » နင်သိစေချင်လို့

နင်သိစေချင်လို့

Written By MyanmarChnnel@ on Thursday, July 18, 2013 | 8:22 PM


ချစ်သူ.....

နင်က တစ် ဆို ငါ က နှစ်ပါ
နင်က သုံးဆို ငါက မုန်းပြီးသားပါ
နင်ကပြတ်ဆို ငါက ဖြတ်ပြီးသားပါ
နင်က မေ့ ဆို ငါက ရွှေ့ပြီးသားပါ
နင်က သွားဆို ငါက ကျောခိုင်းပြီးသားပါ
နင်က ရပ်ဆို ငါက ပြေးပြီးသားပါ
နင်က နေ ဆို ငါက သေပြီးသားပါ
နင်က ငိုဆို ငါက ရီနေပြီးသားပါ

ဘာလို့လဲသိလား .....

ငါ့နှလုံးသား ငါ့အချစ်တွေက
နင့်ထက်မသာတောင်
နင့်ထက် မလျှော့တဲ့ အချစ်တွေနဲ့ပါ။

နင် မာနကြီးသလို
ငါ လဲ မာနကြီးပြီးသားပါ
နင် ပြတ်သားသလို ငါလဲ ပြတ်သားပြီးသားပါ...

ဘယ်အရာမဆို ငါ ရှုံးချင်ရှုံးခဲ့လိမ့်မယ်
ဒါပေမယ့် .......
နင်နဲ့ငါရဲ့ သုံးနဲ့လေးလို ကျောခိုင်းချိန်
နှုတ်ဆက်ချိန်မှာ ငါအရင်ကျောခိုင်းမယ် ။

မခိုင်တဲ့ ငါ့အသဲတွေ ငါ့နှလုံးသားတွေ
ငါကိုယ်တိုင် အပြီးမြေမြှုပ်ပေးလိုက်မယ်။

နင့်ရဲ့ မျက်ဝန်းတွေကို ငါတစ်ချက်မှမကြည့်ဘူး
အဲ အကြည့်တွေက သေရာပါအောင် နာကျင်ရမဲ့
အကြည့်တွေမှန်းငါသိနေလို့။

ငါ အရမ်းချစ်တတ်တယ်
အဲလိုပဲ ....
ငါအရမ်းမုန်းတတ်တယ်...


                                 ကြိုးစားပါ အုံးမည်။
                                                  ဆုလေးနွယ်
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်