မနက်မိုးလင်း ရောင်နီလာတော့
ချစ်သူ့အသံ နားထဲဝင်လို့
နှုတ်ခမ်းပါးထက်က အပြုံးနုနုတစ်ခု
ငါ.......
ပြုံးဖြစ်တယ်။
အချိန်တွေရယ် ကွာဝေးလွန်းတာကြောင့်
တမ်းတသူ ဒီရင်က
ဖြေမဆည်နိုင်အောင် သတိရနေလို့
မြင်လှည့်ပါတော့ ချစ်ရသူရယ်။
မိုးကောင်းကင် ဒီမြေထက်မှာပဲ
အဖော်ဝေးသူ ငိုညည်းသံတွေကို
ကြင်နာသူ တစ်ဖက်ကမ်းက
သိပေးပါလားကွယ်။
ရာသီရယ် အလီလီပြောင်းလို့
တစ်နေ့မှာ ရောက်ခဲ့မှာပေါ့
တွေးဖြေကာ နွမ်းရပါရဲ့
သြော်........
လွမ်းရပါတဲ့ ချစ်သူရယ်။
ဆုလေးနွယ်
ငါ.......
ပြုံးဖြစ်တယ်။
အချိန်တွေရယ် ကွာဝေးလွန်းတာကြောင့်
တမ်းတသူ ဒီရင်က
ဖြေမဆည်နိုင်အောင် သတိရနေလို့
မြင်လှည့်ပါတော့ ချစ်ရသူရယ်။
မိုးကောင်းကင် ဒီမြေထက်မှာပဲ
အဖော်ဝေးသူ ငိုညည်းသံတွေကို
ကြင်နာသူ တစ်ဖက်ကမ်းက
သိပေးပါလားကွယ်။
ရာသီရယ် အလီလီပြောင်းလို့
တစ်နေ့မှာ ရောက်ခဲ့မှာပေါ့
တွေးဖြေကာ နွမ်းရပါရဲ့
သြော်........
လွမ်းရပါတဲ့ ချစ်သူရယ်။
ဆုလေးနွယ်
0 comments:
Post a Comment