နေညိုညို ပုဇွန်ရောင်သမ်းလာတော့
လွမ်းရသူငါ့ရင်ထဲ
နွမ်းလို့သာဖြေမသာခဲ့ပေါ့။
မျှော်လင့်သူ ဒီချိန်လေးကိုမှ
ပြန်လာပါ တောင်းဆုခြွေလို့
အခါခါ မျှော်မှန်းမိပေါ့
ရူးသွပ်သူလို .......
ဘယ်ဆီကို ရောက်လို့
ဘယ်သောင်မှာ နားလေမလဲ
မှန်းမိခါ စိတ်သောကတွေက
ဖြေမသာနိုင်အောင် ပြုစားရက်ပေပေါ့
ချစ်ရသူရယ်.......
ဒီစာကို သူဖတ်မိချိန်မှာတော့
အလွမ်းသင့်သူ ရင်ခွင်ကမ်းကိုတော့
ကမ်းပြိုတောင် မတိုက်ချပါနဲ့
လွမ်းရသူ ဒီ အသဲတွေက
ခိုင်ခံ့တာ မဟုတ်တော့တာကြောင့်
ချစ်သူရေ ဖေးမကူပါလို့
အော်ဟစ်နေရဲ့ ..........
ဆုလေးနွယ်
လွမ်းရသူငါ့ရင်ထဲ
နွမ်းလို့သာဖြေမသာခဲ့ပေါ့။
မျှော်လင့်သူ ဒီချိန်လေးကိုမှ
ပြန်လာပါ တောင်းဆုခြွေလို့
အခါခါ မျှော်မှန်းမိပေါ့
ရူးသွပ်သူလို .......
ဘယ်ဆီကို ရောက်လို့
ဘယ်သောင်မှာ နားလေမလဲ
မှန်းမိခါ စိတ်သောကတွေက
ဖြေမသာနိုင်အောင် ပြုစားရက်ပေပေါ့
ချစ်ရသူရယ်.......
ဒီစာကို သူဖတ်မိချိန်မှာတော့
အလွမ်းသင့်သူ ရင်ခွင်ကမ်းကိုတော့
ကမ်းပြိုတောင် မတိုက်ချပါနဲ့
လွမ်းရသူ ဒီ အသဲတွေက
ခိုင်ခံ့တာ မဟုတ်တော့တာကြောင့်
ချစ်သူရေ ဖေးမကူပါလို့
အော်ဟစ်နေရဲ့ ..........
ဆုလေးနွယ်
0 comments:
Post a Comment