ပြုံးတာကလှတယ်တဲ့
သောကတွေကင်းတယ်လို့
လူတွေက ပြောကြတယ်။
မငိုနဲ့ ....
ငိုခြင်းကရှုံးနိမ့်ခြင်းလို့
လူတွေက ဝေဖန်ကြတယ်။
ကြေကွဲမှုတွေ ဆို့နင့်နေတဲ့
နာကျင်မှုကိုဖုံးကွယ်
အားလုံးအတွက် ပြုံးပြနေရတဲ့
အပြုံးကို ဘယ်လိုပြောမှာလဲ။
နိုင်နေပါရက်နဲ့ ငိုနေရတဲ့
ငိုနေရတဲ့ မျက်ရည်တွေကို
ဘယ်လိုပြစ်တင်မှာလဲ။
လောကမှာ ငိုတိုင်းမရှုံးသလို
ငိုတိုင်လဲ မရှုံးပါဘူး။
ပြုံးတိုင်းနိုင်တာမဟုတ်သလို
နိုင်တိုင်းလဲ မပြုံးတဲ့ သူတွေ
အများကြီးပါ ။
ဆုလေးနွယ်
0 comments:
Post a Comment