မနိုးနိုးအောင် ၀င်တိုက်ပြီးမှ
sorry ပါ ပြောပြီး ထွက်သွားရအောင်
ငါ့နှလုံးသားက ဇရပ်မှ မဟုတ်တာ....
ရေပြင်လို ငြိမ်သက်နေတဲ့
ငါ့ခံစားမှုတွေကို လှိုင်းထအောင် ပုတ်ခတ်ပြီးမှ
တောင်းပန်ပါတယ်ပြောရအောင်
ငါ့ခံစားမှုက ရေပြင်မှ မဟုတ်တာ....
မယဉ်ပါးသေးတဲ့ ငါ့အချစ်တွေကို
ယဉ်ပါးအောင်သင်ပေးပြီးမှ
စိတ်မကောင်းပါဘူးဆိုပြီး ခွဲထွက်သွားရအောင်
ငါ့အချစ်က အပေါစားမှမဟုတ်တာ.....
သိမ်မွေ့နေတဲ့ င့ါပါးပြင်ကို
အနမ်းဖွဖွခြွေချခဲ့ပြီးမှ
နွမ်းနေတဲ့ ပန်းလို စွန့်ပစ်ခဲ့ရအောင်
ငါ့ပါးပြင်မှ ကျောက်စိုင်ကျောက်ခဲမှ မဟုတ်တာ......
အခန်းထဲမှာ တိတ်ဆိတ်စွာနေတဲ့
ငါ့ရင်ခုန်သံတွေကို အရှိန်ပြင်းပြင်း
တိုက်ချခဲ့ပြီးမှ မှားသွားတယ် ပြောရအောင်
ငါ့ရင်ခွင်က သစ်သားမှ မဟုတ်တာ......
မလွမ်းတတ်တဲ့ ငါ့အသဲကို
လွမ်းတတ်အောင် ပြုစားပြီးမှ
နှုတ်ဆယ်တယ်ဆိုပြီး ကျောခိုင်းရအောင်
ငါ့အသဲက သံမဏိမှ မဟုတ်တာ......
အစထဲက နင် မလိုချင်ဘူးဆို
ငါ့ကိုမကစားခဲ့သင့်ဘူး
ငါက နင်ကစားစရာ အရုပ်မှမဟုတ်တာ......
ငါက နှလုံးသားနဲ့ လူပါ ဟာ......
ဆုလေးနွယ်
0 comments:
Post a Comment