အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ၄ နှစ်လုပ် တစ်လပြန်စနစ် ထိုင်းလုပ်ငန်းရှင်များ ခွင့်အဖြစ်ပေးရန် မလွယ်နိုင်

၎ နှစ်လုပ် တစ်လပြန်စနစ် ထိုင်းလုပ်ငန်းရှင်များ ခွင့်အဖြစ်ပေးရန် မလွယ်နိုင်

Written By MyanmarChnnel@ on Thursday, September 5, 2013 | 6:38 AM


ရန်ကုန်၊ စက်တင်ဘာ ၃
ဗီဇာသက်တမ်း ပြည့်ပါက အမိ မြေသို့ တစ်လပြန်လာရမည့်မူ ရှိသော်  မှတ်ခွင့်ပြုရန် မလွယ်ကြောင်း ရွှေ့ ပြောင်း အလုပ်သမားအခွင့်အရေး ကွန် ရက် (MWRN) မှ ကိုထွန်းက ပြော သည်။
”တချို့အလုပ်ရှင်တွေက ခွင့်ပေး တာရှိတယ်။ ခွင့်မပေးရင်တော့ အလုပ် ထွက်ရမှာပေါ့” ဟု ၄င်းကပြောသည်။
ခွင့်မပေးပါကလည်း နောက်တစ် ကြိမ် ဗီဇာတင်ပါက အလုပ်ပြန်ရနိုင် သည့်အတွက် အလုပ်သမားများ အ တွက်မူ အခက်အခဲမတွေ့နိုင်ကြောင်း ၄င်းက ဆိုသည်။
”လက်ရှိ အလုပ်လုပ်နေတဲ့သူတွေ အတွက် ဒီတစ်လဆိုတာက အများကြီး ကောင်းတယ်။ ဟိုက အလုပ်ရှင်တွေက လည်း လေးနှစ်လောက် အလုပ်လုပ် ထားတဲ့သူ ကို ပြန်မလွှတ်ချင်ဘူး” ဟု ကိုထွန်းက ပြောသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ အနေဖြင့် ၂ဝဝ၃ ခုနှစ်က ရေးထိုးထား သော MOU  အရ မြန်မာလုပ်သား တို့သည် ဗီဇာသက်တမ်း လေးနှစ်ကုန် ပါက မူရင်းနိုင်ငံကို သုံးနှစ်ပြန်နေပြီးမှ ပြန်ဝင်ရောက်ရမည့်အစား တစ်လ အကြာတွင် ပြန်ဝင်ရောက်နိုင်ရန် သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ယခင်လ က ပြောကြားခဲ့ပြီးဖြစ်သည်။
အဆိုပါ ဗီဇာသက်တမ်းကုန် အလုပ်သမားများအတွက် ဆွေးနွေးပွဲ ကို ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁ ရက် ၌ ပြုလုပ်ခဲ့ရာ ဗီဇာနှင့် အလုပ်လုပ်ကိုင် ခွင့် သက်တမ်း ကုန်ဆုံးမှုများကို နယ်စပ် စခန်းများတွင် ပြန်လည် သက်တမ်းတိုး ရနိုင်ဖွယ်ရှိကြောင်း၊ များသောအားဖြင့် မဲဆောက်၊ မဲဆိုင်၊ ရနောင်း၊ ကန်ချနာ ပူရီ စသည်တို့တွင်ဖြစ်နို င်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ချုပ် ပရာဝစ်ခီယန်မွန်က ပြောကြားသွားခဲ့ ကြောင်း MWRN ၏ ထုတ်ပြန်ချက် အရ သိရသည်။
”ဘယ်နေရာတွေမှာ သက်တမ်း တိုးရမယ်။ ငွေဘယ်လောက်ကုန်မယ်။ တစ်လထွက်ရမယ်ဆိုတော့ ဘယ်အချိန် ပြန်ထွက်ရမယ်။ ဘယ်အချိန် ပြန်ဝင်ရ မယ်ဆိုတာတွေ ကို စက်တင်ဘာ ၅ ရက် နေ့နောက်ပိုင်း အသေးစိတ် ထပ်ထုတ် ပြန်မယ်လို့ သိရတယ်” ဟု ကိုထွန်းက ဆိုသည်။
တစ်လပြန်လာပြီး အသစ်ဝင် ရောက်လာမည့် အလုပ်သမားသစ်များ အတွက် ထိုင်းနိုင်ငံသို့ မလာရောက်မီ လိုအပ်သောသင်တန်း၊ ဘာသာစကား နှင့် ဆက်သွယ် အကူအညီ တောင်းနိုင် သော အဖွဲ့အစည်းများ၊ ဖုန်းနံပါတ်များ ကို တစ်ပါတည်း ပေးထားခြင်းဖြင့် လူ ကုန်ကူးမှုများ၊ ပွဲစားများ၊ ရဲများ၏ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း အန္တရာယ် မှ ရှောင်ရှားနိုင်မည်ဟု ထိုင်းအလုပ် သမား ညွှန်ချုပ်က ပြောကြားသွားခဲ့ ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော လုပ်သားများ တရားဝင် နိုင်ငံသားစိစစ် မှုကို ၂ဝဝ၉ ခုနှစ် ဇူလိုင် ၁၅ ကတည်း က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗီ ဇာသက်တမ်း ကုန် အလုပ်သမား သိန်း ဂဏန်းချီရှိကြောင်း သိရသည်။
lwan saung
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်