ချစ်သူ ....
မိန်းကလေးတစ်ယောက်က ကိုယ်ချစ်တဲ့ချစ်သူကို ဖြစ်စေချင်တဲ့ လိုချင်တဲ့ ဆန္ဒတွေရှိတယ် ဖတ်ကြည့်ပါ .....
** ချမ်းသာဖို့မလိုဘူး ခံနိုင်ရည်ရှိဖို့ပဲ လိုတယ်
** ရုပ်ချောဖို့မလိုဘူး ယောက်ျား ပီသဖို့ပဲလိုတယ်
** စာတတ်ဖို့မလိုဘူး နားလည်တတ်ဖို့ပဲလိုတယ်
** ကိုယ့်ကျင့်တရား ကောင်းရမယ် တည်ကြည်ရမယ်
** ကိုယ့်ကို ကိုယ့်ထက် ဦးဆောင်နိုင်ရမယ်
** ဘာဖြစ်ဖြစ် ဇွဲရှိစေရမယ်
** ဖြစ်ပျက်သမျှ တိုင်ပင်နှီးနှောရမယ်
** ကိုယ့်နောက်မှာ ကိုယ့်ကို အတင်းပြောတတ်တာ မလိုချင်ဘူး
** သဘောထားကြီးရမယ်
** ကိုယ့်အပေါ် သစ္စာရှိရမယ် ဖြစ်လာသမျှ အတူဖြေရှင်းရမယ်
** ဘေးစကားတွေကြောင့် အခြေနေကို မစူးမစမ်း ပြသနာရှာတာမလိုချင်ဘူး
** သေချာစုံစမ်း တိကျတာပဲ လိုချင်တယ်
** ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဖြစ်စေချင်တယ်
** ကိုယ့်အပေါ် အမြဲကြင်နာ ချစ်ခင်ယုယ စေချင်တယ်
ယောက်ျားလေးဘက်က အဲလိုသာ ဖြစ်ခဲ့မယ်ဆိုရင် မိန်းကလေး ဘက်ကလဲ
** ဘာဖြစ်ဖြစ် မကြောက်ဘူး အတူရင်ဆိုင်မယ်
** ကိုယ်ချစ်သူနောက်ကပဲ လမ်းပြသဖွယ် နေမယ် ရှေ့က မထွက်ဘူး
** သူလိုချင်တာ ဖြစ်ချင်တာမှန်သမျှ ကူညီမယ် ဖြေရှင်းမယ်
** သစ္စာမမဲ့ဘူး မပြောင်းလဲဘူး နားလည်မယ်
** သူအောင်မြင်အောင် ဘယ်လိုနည်းလမ်းပေးရမလဲ တွေးမယ်
** သူ့အပေါ် ပိုချစ်မယ် စိုးရိမ်မယ် လိုက်လျောမယ်
** အေးအတူ ပူအမျှ သူ့လက်ကို မဖြုတ်ချဘူး
** ကောင်း၇င်လဲစံ ဆိုးရင်လဲ ခံ ဆိုပြီး သူ့ဘက်က ရပ်တည်မယ်
** နွေကန္တာရ အလယ်ရောက်လဲ အတူ ရုန်းကန်မယ်
** သူ့အတွက် အမြဲတမ်း တွေးပေးနေမယ် ပူပန်ပေးမယ်
** သေတပန် သက်တဆုံး သူနဲ့အတူ ကြင်နာယုယ မယ်
အဲလိုသာအတူ နှစ်ဦးနှစ်ဖက် ရှိခဲ့မယ်ဆို ဘယ်သူမှ လမ်းခွဲခြင်း
ပြတ်စဲခြင်းဆိုတာ ရှိမှာ မဟုတ်ဘူး မိန်းကလေးက ဦးဆောင်တယ်ဆိုတာတော့
သဘာဝမကျဘူး ဘယ်မိန်းကလေး မဆို ကိုယ့်ချစ်သူကို အောင်မြင်စေချင်တယ်
သူများတွေထက် သာစေချင်တယ် အဲတာ မိန်းကလေးတွေရဲ့ စိတ်ပါပဲ ....
လက်တွဲဖြုတ်မှာမဟုတ်ဘူး ဖြုတ်ချလိုက်ရတဲ့အထိ ဆိုရင်တော့ ကိုယ်ညံ့တာလား သူမှားတာလားပဲအဖြေရှာကြည့်ပေတော့နော် ....
ကဲ လိုတာရှိရင်လဲ ဖြည့်ပေးကြပါရှင့် မှားတာရှိရင်လဲ
ခွင့်လွှတ်ပါလို့တောင်းဆိုပါတယ်နော် .... အားလုံးပဲ ဘ၀ခရီးမှာ အေးအတူ ပူအမျှ
ချစ်ချစ်ခင်ခင်နဲ့ အတူ ရင်ဆိုင်နိုင်ပြီး ပျော်ရွင်ကြည်နူး
အေးချမ်းသော ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ် .....
လေးစားစွာဖြင့် .....
ဆုလေးနွယ်
မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ချစ်သူအပေါ်ဖြစ်စေချင်တဲ့ဆန္ဒ
Written By MyanmarChnnel@ on Sunday, September 22, 2013 | 8:01 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.

0 comments:
Post a Comment