နွားတွေက မြက်တစ်မျိုးထဲကိုပဲ
သစ္စာရှိရှိ စားတယ်
ဘယ်သမိုင်းမှာမှ အသားစားတယ်လို့
သစ္စာပျက်တာ မရှိဖူးဘူး ။
ခြင်္သေ့တွေက အသားတစ်မျိုးထဲကိုပဲ
သစ္စာရှိရှိစားတယ်
ဘယ်ရာဇ၀င်မှာမှ မြက်စားတယ်လို့
သစ္စာပျက်တာ မဖတ်ရဖူးဘူး ။
နေ ကနေ့ခါထွက်မယ်
လ က ညခါ ထွက်မယ်
ပြောင်းပြန်ထွက်တယ်ဆိုတာလဲ
မကြားဖူးဘူး ။
လူတွေမှာတော့
ချစ်တယ်လဲ ပြောတယ် မုန်းတယ်လဲပြောတယ်
မေတ္တာကိုလဲ ပေးတယ် သစ္စာတွေလဲပျက်တယ်။
ဒီတော့ ......
သစ္စာရှင်ကြီးလို့ နာမည်ခံထားတဲ့သူများ
သစ္စာမဖောက်ဖူးဘူး ပြောရင် လာခဲ့ပါ
မြင်ဖူးချင်လို့ ........
ဆုလေးနွယ်
မည်သူကိုမျှ မရည်ရွယ်ပါ ။
မြင်ဖူးချင်လို့ပါ
Written By MyanmarChnnel@ on Wednesday, September 25, 2013 | 2:02 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment