သံသရာအဆက်ဆက်ချစ်မယ်လို့
ကတိတွေ အရင်မပေးပါနဲ့ချစ်သူ ...
ဒီဘ၀ သက်တမ်း ၆၀ ထိပဲ သက်သေပြပေးပါ။
ဘ၀အဆက်ဆက်မမုန်းဘူးလို့
အရင်မပြောပါနဲ့ချစ်သူ ....
ဒီဘ၀ သက်တမ်း ၆၀ ထိပဲ အရင်သက်သေပြပေးပါ။
နောင်ဘ၀ဆက်တိုင်း သစ္စာရှိရှိချစ်မယ်လို့
ကြိုမပြောပါနဲ့ချစ်သူ ...
ဒီဘ၀ သက်တမ်း ၆၀ ထိပဲ အရင်သက်သေပြပေးပါ။
ဘယ်လိုတွေ ဘာတွေဖြစ်ဖြစ် ဘယ်တော့မှ မစွန့်ပစ်ဘူးလို့
ယုံအောင် အရင်မပြောနဲ့ချစ်သူ ...
ဒီဘ၀ သက်တမ်း ၆၀ ထိပဲ သက်သေပြပေးပါ။
ဘာလို့ ခုလိုပြောတာလဲလို့ ပြန်မမေးနဲ့ချစ်သူ .....
ပြောင်းလဲနေတဲ့ခေတ်၊ ကိုယ့်ကိုယ်ကိုတောင် မချစ်နိုင်တဲ့ခေတ်မှာ
တစ်ခြားတစ်ယောက်အတွက် အချိန်ပေးချစ်တယ်ဆိုတာ
ယုံချင်စရာမကောင်းလို့ပါ ။
ဆုလေးနွယ်
သက်သေပြပါ
Written By MyanmarChnnel@ on Thursday, September 19, 2013 | 8:42 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment