အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လေးနှစ်ပြည့်ဗီဇာသက်တမ်းကုန်ဆုံးသွားသောအလုပ်သမားများ၏အနာဂါတ်အရေးဆွေးနွေးပွဲမှဆွေးနွေးချက်များ

လေးနှစ်ပြည့်ဗီဇာသက်တမ်းကုန်ဆုံးသွားသောအလုပ်သမားများ၏အနာဂါတ်အရေးဆွေးနွေးပွဲမှဆွေးနွေးချက်များ

Written By MyanmarChnnel@ on Tuesday, September 3, 2013 | 5:54 AM


၂၀၁၃ စက်တင်ဘာလ ၁ ရက် တနင်္ဂနွေ


 နှီးနှောဖလှယ်ပွဲကို MWRN၊ TLSC, SERC, and HRDF မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံအတွင်း     ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏  ပြီးခဲ့သော ၂၀၁၃ ဇူလိုင်လမှစကာ လေးနှစ်ဗီဇာသက်တမ်းကုန်ဆုံးနေခဲ့ပြီး ထပ်မံသက်တမ်းတိုးခွင့်မရသေးသည့် သိန်းနဲ့ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ဗီဇာသက်တမ်းတိုးခွင့် ပြဿနာနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားသမဂ္ဂ၊ အဖွဲ့များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းများနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများပါဝင်ပြီး   “၄နှစ်ဗီဇာသက်တမ်းပြည့် ရွှေ့ပြောင်းအလုပ်သမားများ၏အနာဂတ်”  ဟုအမည်ပေးထားသော နှီးနှောဖလှယ်ပွဲတစ်ခုကို ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဒေသ၊ တလထလေဈေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ထိုင်းကုန်သည်ကြီးများအသင်း၊ အလုပ်သမားရှာဖွေရေးရုံး၊ လူမှုဖူလုံရေးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် လဝကစသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပါအဝင် လူဦးရေစုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြပါသည်။


                ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမားတွေရဲ့ကုန်ဆုံးသွားသည့် ဗီဇာသက်တမ်းအတွက် မြန်မာပြည်ကို ၃ နှစ်ပြန်နေရမည့် အစား တစ်လသာပြန်သွားပြီး ပြန်လာ အလုပ်လုပ်ခွင့် ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Pravit Khiengpol (ပရာဝစ် ခီယန်ဖွန်  ) က ပြောကြားသွားခဲ့ပါတယ်။


                         ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ယခင်ဘတ်လက်မှတ်အစား ယာယီပတ်စပို့ထုတ်ပေးပြီး ဗီဇာနှင့် အလုပ်လုပ်ခွင့် work permitထုတ်ပေးကာ နေထိုင်အလုပ်လုပ်ခွင့် ပြုနေခဲ့ ခြင်းဖြစ်ပြီး  ယခုသက်တမ်းကုန်ဗီဇာနှင့်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမှုနှင့်ပက်သက်ပြီး နယ်စပ်စခန်းများ တွင် ပြန်လည်သက်တမ်းတိုးရမှာဖြစ်နိုင်ပြီး များအားဖြင့် မဲဆောက်၊ မဲဆိုင၊် ရနောင်း၊ ကန်ချနာပူရီ ဒေသများတွင် ဖြစ်နိုင်ကြောင်းပြောသွားခဲ့ပါသည်။  


                  ဗီဇာကုန်သွားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများဟာ အရင်ကချမှတ်ထားသလို မြန်မာပြည်မှာ ၃ နှစ် ပြန်နေပြီးမှ ပြန်လာအလုပ်လုပ်ခွင့်ပြုမှာ မဟုတ်တော့ဘဲ ၁လသာမြန်မာပြည်သို့ပြန်လာနေပြီး ပြန်လည်အလုပ်
လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းကိုလဲ ထိုင်း အလုပ်သမားဝန်ကြီးဌာန ကပြောကြားသွားပါတယ်။ 


                  သို့သော် ယခု ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ငန်းစဉ်တွေနဲ့လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ လာမည့် စက်တင်ဘာလ ၅ ရက်နေ့မှာ လုပ်တဲ့ နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးပွဲအပြီးမှာ သတင်းထုတ်ပြန်သွားမည်ဟု သိရှိရပါသည်။
ထို့အပြင် တရားဝင်ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင်လည်း အလုပ်ရှင်အလုပ်သမား သဘောတူညီ ထားသော လုပ်အားခ၊ အလုပ်ချိန်၊လူမှုဖူလုံရေးထောက်ပံ့ကြေးငွေ စသော သတင်းအချက်အလက်တွေကိုလဲအ ပြည့်အစုံသဘောတူညီမှုရရှိပြီး စာချုပ်စာတမ်းများနှင့် သေချာစွာလုပ်ဆောင်ပြီးမှ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ရဖို့ စီစဉ်မယ်လို့ပြောပါတယ်။
အသစ်ဝင်ရောက်လာမည့် အလုပ်သမားအသစ်များအတွက်လည်း ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ် သားအဖြစ်မလာရောက်မီ လိုအပ်သောသင်တန်း၊ ဘာသာစကား နှင့် ဆက်သွယ်အကူအညီ တောင်းနိုင်သော အဖွဲ့အစည်းများ ဖုန်းနံပတ်များ ကိုလဲတပါတည်း ပေးထားဖို့၊ ဒီလိုပြင်ဆင်မှုတွေလုပ်ခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာများမဖြစ်အောင်လုပ်ဆောင်နိုင်ပြီး လူကုန်ကူးမှုများ၊ ပွဲစားများ၊ ပုလိပ်များ၏ ခြိမ်းခြောက် အကြပ်ကိုင်ခြင်း အန္တရာယ်များမှလဲရှောင်ရှားနိုင်မယ်လို့လည်း ပြောသွားပါတယ်။


                         အဆုံးသတ်မှာတော့ အလုပ်သမားကိုယ်စားလှယ်များ လူမှုအဖွဲ့အစည်းများမှလည်း အလုပ်သမားတွေအပေါ် ကောင်းကျိုးဖြစ် စေမဲ့ မူဝါဒတွေချမှတ်ပြီး အလုပ်ရှင်၊အလုပ်သမား၂ ဦးနှစ်ဖက် ပျော်ရွှင်စွာအလုပ်လုပ်နိုင်ဖို့မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။


                        အဲ့ဒီနောက် မွန်းလွဲပိုင်းမှာ အလုပ်သမားဝန်ကြီးဌာန အလုပ်ရှာဖွေရေးဌာနကကိုယ်စားလှယ် နိုင်ပရာဖတ်၊ပြည်သူပိုင်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (SERC) အတွင်းရေးမှူး       နိုင်စာဝစ်ကဲ့အိုဝမ်ထိုင်း၊ အလုပ်သမားသွေးစည်းညီညွတ်ရေး ကော်မတီ (TLSC ) ဥက္ကဌ နိုင်ချာလီလွယ်စူန်၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဌဦးအောင်ကျော်၊ ရွှေ့ပြောင်းရေးရာလှုပ်ရှားသူများအဖွဲ့ကိုယ်စားလှယ် နိုင်အဒီစွန်ကေဒ်မွန်ခွန်တို့ ဦးဆောင်ပြီး ဖြစ်ပေါ်နေသောပြဿနာများ၊ ဖြစ်လာနိုင်သောပြဿနာများနဲ့ အကြံပြုချက်များကို ဆွေးနွေးကြပါ တယ်။ တက်ရောက်လာတဲ့ အလုပ်သမားကိုယ်စားလှယ်များကလည်း ၀င်ရောက်ဆွေးနွေးကြပါတယ်။ အကြံပြုချက်များကိုလည်း တင်ပြကြပါတယ်။ ဒီဆွေးနွေးပွဲကထွက်ပေါ်လာတဲ့ အကြံပြုချက်များ၊ တောင်းဆိုချက်များကိုစုစည်းပြီး လာမယ့်စက်တင်လာ၅ရက်နေ့မှာပြုလုပ်မယ့် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရတို့ ညှိနှိုင်းဆွေးနွေးပွဲမတိုင်မီမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပေးပို့တောင်းဆိုသွားမှာလည်းဖြစ်ပါတယ်။
  

                                         အသေးစိတ်အချက်အလက်အတွက်ဆက်သွယ်ရန် 

                                         ဦးအောင်ကျော် (ဥက္ကဌ MWRN+66 8675 55337 
                                        ကိုထွန်း (တာဝန်ခံ MWRN ရန်ကုန်) +95 9313 89989
                           မအေးမာချို (ခ) မဇာ ( တာဝန်ခံ HRDF မဟာချိုင်) +66 8675 60835
                                                                          e-mail: mwrnorg@gmail.com

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်