အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဘယ်လို အဖြေမျိုးဖြေမှာလဲ

ဘယ်လို အဖြေမျိုးဖြေမှာလဲ

Written By MyanmarChnnel@ on Sunday, September 22, 2013 | 8:18 PM

မာနတွေနဲ့ တင်းခံထားပေမယ့်
င့ါနှလုံးသားက မေးနေတယ်
တကယ်ရက်စက်မှာလားတဲ့ ......

ငါ နေနိုင်တယ်လို့ ငါထင်ထားခဲ့တာ
ငါ့ကိုယ်ငါ အထင်ကြီးခဲ့တာ
မင်းမရှိလဲဖြစ်တယ်လို့ ကြွေးကြော်ထားတာ
ငါ့ ယုံကြည်ချက်တွေအားလုံး မင်းကြောင့်
ပြောင်းပြန်လှန်ပစ်ရမယ့်အဖြစ် ။


ငါ အားလုံးကို ရင်ဆိုင်ရဲတယ်
ကျော်ဖြတ်ရဲတယ် ပေးဆပ်ရဲတယ်
ဘာလို့ ငါ မလွမ်းရဲရတာလဲ
ဘာအတွက် အလွမ်းကိုမှ ကြောက်နေခဲ့ရတာလဲ .....

ငါ ဘယ်တုန်းကမှ အမှားကို မလုပ်ဖူးဘူး
ဆုံးဖြတ်ချက်တွေ ပြန်မပြင်ဖူးဘူး
ပြောသမျှ အမှားမရှိဖူးဘူး
မင်းနဲ့ ပတ်သက်လာမှ
အားလုံး ကဗြောင်းကဆန်ဖြစ်လို့ .....

အချစ်ဆိုတာ ငါ့ ဘ၀တွက် အရေးမပါဘူးလို့
ငါသတ်မှတ်ထားတာ ....
ဘာဖြစ်လို့ နင်က အရေးပါခဲ့တာလဲ
ငါ့အတွေးတွေကို နင် ပထမ အဖြစ်
ဘယ်လို သိမ်းပိုက်လိုက်တာလဲ ။

ခုတော့ ဟာ.....
နင့်ကြောင့် တွေဝေမိန်းမော
အချိန်တွေကို ဖြုန်းမိမှန်းမသိ
တတိတိ ဖြုန်းရင်း နေ့ရက်တွေတောင်
အတော်ပြောင်းခဲ့ပြီ ...

ငါ ခုလိုဖြစ်ရတဲ့အကြောင်းရင်းတွေကို
စုပေါင်းလို့ နိဂုံးချုပ်မယ်ဆို
နင်ငါ့ကို ဘယ်လို အဖြေ ထုတ်ပေးမှာလဲ
ဘယ်လို အဖြေမျိုး ဖြေမှာလဲ ......


           ဆုလေးနွယ် 



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်