ဖြတ်ရခက်သော သမုဒယ ကြိုးတွေနဲ့
ချည်နှောင်ထားခဲ့ပြီးမှ
တောင်းပန်ပါတယ် ခွင့်လွှတ်ပါပြောရုံနဲ့
ငါ့နှလုံးသား အသစ်ပြန်မဖြစ်တော့ဘူး ..
ဒဏ်ရာဆိုတာ ကျက်သွားရင်တောင်
အမာရွတ်ကျန်နေသေးတာ
ငါ့နှလုံးသားနုနုလေးနဲ့ ချစ်ခဲ့တော့
ကျန်ခဲ့မယ့် အမာရွတ်က သေတဲ့ထိ မမေ့နိုင်ဘူး .....
ငါ ကျောခိုင်းထားလို့ ငါ မုန်းတယ် ငါ စိတ်ကုန်တယ်
ငါ စိမ်းကားတယ် မထင်လိုက်နဲ့
နင့်မျက်ရည်တွေ နင့် ၀မ်းနည်းမှုတွေကို
ငါမကြည့်ရက်လို့ နောက်လှည့်ထားတာ ....
နင်ပျော်ဖို့အတွက် အသဲကွဲသီချင်းတွေ ငါမဆိုဘူး
ဝမ်းနည်းတယ် ငါမပြောဘူး နင် စိတ်ထိခိုက်မှာငါမလုပ်ဘူး
တစ်ခုပဲ နင်ခံစားပေးပါ ...
မညီမျှတဲ့ ဒဏ်ရာတွေနဲ့ ငါ့ရင်မှာ
သွေးစိမ်းရှင်ရှင်ကျနေတဲ့ နှလုံးသား ပင်လယ်ရဲ့အောက်မှာ
ငါကျရှုံးသေဆုံးသွားခဲ့ရင် ...
ငါ အရမ်းချစ်ခဲ့တယ် ဆိုတာ
နှလုံးသားနဲ့ ခံစား နားလည်သိရှိပေးပါ
ဒီတစ်ခုပဲ ငါတောင်းဆိုတာပါ .....
ဆုလေးနွယ်
နှလုံးသားနဲ့လူ
Written By MyanmarChnnel@ on Sunday, September 22, 2013 | 8:13 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment