အချစ်နဲ့မတွေ့ခင်ထိ အသည်းစားဘုရင်မရယ်လို့
လူတကာနှုတ်ဖျား အမြဲပြောနေရသူ
သူတို့နှလုံးသား ငါမညို့ပေမယ့်
ငါ့ရှေ့မှောက်ကို ခစားကြရသူ ....
နှင်းဆီလို ကာရံဆူးတွေနဲ့
ငါ့ဘ၀ ငါ့အလှကို
မာန ဆိုတဲ့ ဆူးနဲ့ ကာခဲ့သမျှ
နင် .....
တိုက်လဲရက်တယ်......
အချစ် ဆိုတဲ့ သူရေ
ငါမင်းနဲ့ ရန်သူလဲ မဟုတ်သလို
ပြိုင်ဘက်လဲ မဟုတ်ခဲ့ပါဘူး နော် ။
ဘာအငြိုးတွေကြောင့် များ
ငါ့ကို ခုလိုတုန့်ပြန်ရတာလဲ
လှရက်နိုင်သလောက် နင့်အတွက်ဆို
ဆူးမဲ့အဖြစ်ပြောင်းသွားတဲ့ငါ .....
အခြားသူတွေပေါ် သြဇာလွှမ်းနိုင်သလောက်
နင့်ရှေ့မှာ ......
ဆူးမဲ့နှင်းဆီမလေး ငါ .....
ဆူးမဲ့နှင်းဆီ လေးပါ ချစ်သူရာ .........
ဆုလေးနွယ်
ဆူးမဲ့နှင်းဆီ
Written By MyanmarChnnel@ on Friday, September 13, 2013 | 8:39 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment