ချစ်သူရယ်....
ပိုင်ဆိုင်ခွင့် မဆိုထားနဲ့
နင့်အနားတောင် ရှိခွင့်မရခဲ့တဲ့ငါက
နင့်ကို မြတ်မြတ်နိုးနိုး ချစ်နေပါတယ် လို့
ဘယ်လိုဖွင့်ပြောရလေမလဲ ....
နဂိုထဲက ပြတ်လုလု သံယောဇဉ် အမျှင်တန်းလေး
တိခနဲ ပြတ်တောက်သွားမှာ ငါ ကြောက်လို့
ငါ့ရင်ထဲက ခံစားချက်ကို ကြိတ်မှိတ်မျိုချရင်း
နင် မမြင်တဲ့နေရာလေးကနေပဲ ငါ ချစ်နေခဲ့တာပါ ...
ငါ နင့်ကို တကယ် ချစ်ခွင့်မရပေမယ့်
ငါ့အိပ်မက်ထဲမှာတော့ ချစ်ခွင့်လေးတွေကို
မတားဆီးလိုက်ပါနဲ့နော် ....
တဖက်သတ် အချစ်ဆိုတာ
ခံစားရတာ မသက်သာမှန်းသိပေမယ့်
င့ါကိုမချစ်တဲ့နင့်ကို ချစ်နေတော့လဲ
ငါ တိတ်တဆိတ်လေးနဲ့ ကြေကွဲစွာ မြတ်နိုးနေရမှာပေါ့ဟာ.....
ဆုလေးနွယ်
(တောင်းဆိုထားသော သူငယ်ချင်းလေး အဆင်ပြေပါစေ လို့ဆုတောင်းပါတယ်...
တစ်ဖက်သတ် မချစ်ဖူးတော့ လိုသွားရင်လဲ ဆုလေးညံ့လို့ပေါ့နော် ... )
တိတ်တဆိတ်လေးပဲ မြတ်နိုးပါရစေ
Written By MyanmarChnnel@ on Sunday, September 22, 2013 | 8:05 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကဗျာ
0 comments:
Post a Comment