ငါ အမြဲ ကြားချင်နေမိတာ မင်း အသံပါ
ငါ အမြဲ နားခိုချင်တာ မင်း ရင်ခွင်လေးပါ
ငါ အမြဲ တမ်းတတာ မင်း ကြင်နာမှုလေးပါ
ငါ အမြဲ လိုချင်မိတာ မင်း ချစ်ခင်မှုပါ
ငါ အမြဲ တောင့်တမိတာ မင်း ယုယမှုလေးပါ
ငါ အမြဲ မျှော်လင့်မိတာ မင်း အနားရောက်မယ့်နေ့လေးပါ
ငါ အမြဲ ကြောက်မိတာ မင်း နဲ့ ဝေးမှာကိုပါ
ငါ အမြဲ ဖြစ်ချင်ခဲ့တာ မင်း နဲ့ အတူ နေချင်တာပါ
ငါ အမြဲ မက်မောမိတာ မင်း အပြုံးတွေကိုပါ
ငါ အမြဲ စိုးလန့်မိတာ မင်း ၀မ်းနည်းမှာကိုပါ
ငါ အမြဲ မခံစားနိုင်ခဲ့တာ မင်း မရှိတဲ့ အလွမ်းတွေကိုပါ
ငါ အမြဲ ဖန်တီးပေးချင်တာ မင်း ပျော်ရွှင်မှုကိုပါ
ငါ အမြဲ ပြောချင်ခဲ့တာ ငါ အရမ်းချစ်တယ်ဆိုတာပါ
ချစ်သူရယ် .......
ဆုလေးနွယ် (ခ) လွမ်းဆုလေး
နင်သိစေချင်လိုက်တာ .....
Written By MyanmarChnnel@ on Friday, October 25, 2013 | 7:34 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment