နင် မသိနိုင်ခဲ့ပါဘူး ချစ်သူရယ် ...
နင် မမြင်နိုင်ခဲ့ပါဘူး
နင့်နောက်ကွယ်က ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
နင် မတွေ့ခဲ့ပါဘူး။
နင်ပျော်ရင် ငါပျော်ပြီး
နင်စိတ်ညစ်ရင် ငါ အရင်ငိုကြွေးနေသူပါ
နင် တစ်ခုခု စိတ်အခန့်မသင့်တိုင်း
ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်မှုနဲ့ ဒဏ်ပေးခဲ့သူပါ။
ငါ့တမ်းတမှုတွေ တွယ်တာမှုတွေ
ငါ့အချစ်တွေကို နင် မျက်လုံးနဲ့တော့
အဖြေမထုတ်ပါနဲ့လားဟာ...
နှလုံးသားနဲ့ နင်ဝင်ကြည့်ပါ
နင့်အတွက်ငါ အမြဲတမ်းရှိနေတာကို
နင်မြင်မှာပါ ချစ်သူရယ်....
လွမ်းဆုလေး(ခ) ဆုလေးနွယ်
နင်မြင်မှာပါ
Written By MyanmarChnnel@ on Thursday, October 24, 2013 | 8:54 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment