တစ်ခါတစ်ခါတော့လဲ
ငါ့ကိုယ်ငါ အမှုန့်ချေပစ်ပါရဲ့
အမှတ်မရှိတဲ့ ငါ
အမှားကိုမှတွယ်ဖက်ထားရတယ်လို့
တစ်ခါတစ်ခါတော့လဲ
ငါ့ကိုယ်ငါ မုန်းမိပါရဲ့
မကြောက်တတ်သေးတဲ့ငါ
မဖြစ်နိုင်တာကိုမှ မှန်းမျှော်နေမိရတယ်လို့
တစ်ခါတစ်ခါတော့လဲ
ငါ့ကိုယ်ငါ သနားမိပါရဲ့
ဖြစ်ချင်တိုင်းဖြစ်ခွင့်မရငါ
မျှော်လင့်အိပ်မက်တိုင်း
လမ်းတစ်ဝက်နဲ့တင် ပျက်စီးသွားခဲ့လို့
တစ်ခါတစ်ခါတော့လဲ
လောကကြီးက ထွက်ပြေးချင်ပါရဲ့
လောကဓံနဲ ကံကြမ္မာကို အန်တုဖို့
အင်အားကုန်ခမ်းနေလို့ ။
ဆုလေးနွယ်
ကံတရားနဲ့ ငါ
Written By MyanmarChnnel@ on Monday, October 7, 2013 | 11:15 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment