မြှားနတ်မောင်ရေ
နင်ပစ်လိုက်တဲ့ ပစ်မှတ်အမှားကြောင့်
ငါ့ဘ၀အတွက်တော့
အမှားကုဋေကဋာကို ဖြစ်သွားခဲ့တယ် ။
ကောင်းစေချင်လို့ အသဲတစ်ခုလုံးပုံပေးခါမှ
အရှုံးတွေတစ်ပုံကြီးနဲ့ ရင်ဆိုင်လိုက်ရလို့
ငါ ကြောက်လဲ ကြောက်သွားပါပြီ။
ဒီတစ်ခါတော့ မြှားနတ်မောင်ရေ.....
ငါ့အတွက်ပစ်မယ်ဆို
ရင်ခွင်မဲ့နှလုံးသားကိုသာ
မျက်ကန်းဖြစ်အောင်
ကျေးဇူးပြုပြီး ပစ်ချပေးပါ .....
ဆုလေးနွယ်
မြှားချက်အမှား
Written By MyanmarChnnel@ on Monday, October 7, 2013 | 11:19 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment