Home »
ကျန်းမာရေး
» သခွားသီးဖျော်ရည်
သခွားသီးဖျော်ရည်
Written By MyanmarChnnel@ on Wednesday, October 16, 2013 | 8:09 AM
ချောမွတ်ပြီး တင်းတင်းရင်းရင်းရှိတဲ့အခွံ အသားကျစ်ကျစ်နဲ့ လတ်လတ်ဆတ်ဆတ်သခွားသီးကို ဝယ်ပါ။
အခွံခွာ လေးစိတ်ပိုင်း အစေ့ထုတ်ပြီး ရေစင်အောင်ဆေးလိုက်ပါ။
ပြီးနောက် သကြား သံပုရာရည် ဆေးပြီး သခွားသီးတို့ထည့်၍ ဖျော်ရည်ဖျော်စက်တွင် ထည့်ကြိတ်ပါ။
အအေးကြိုက်ပါက ရေခဲထည့်သောက်နိုင်ပါသည်။
သခွားသီးမှာ ဗီတာမင်အေ ဘီကွန်ပလက်စ် စီနဲ့ သတ္တုဓာတ် ကြွယ်ဝပါတယ်။
ကိုယ်တွင်းအပူကို လျှော့ချပေးနိုင်ကာ ရေငတ်ပြေစေနိုင်ပါတယ်။အသားအရေစိုပြေစေပြီး ကြွက်သားတွေရဲ့ ဆန့်နိုင် ကျုံ့နိုင်စွမ်းကိုလည်း တိုးပွားစေပါတယ်။ကျန်းမာသန်စွမ်းပြီး တောက်ပတဲ့ ဆံကေသာဖြစ်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
(ကျန်းမာရေးအတွက် ဆေးမြီးတိုများမှ ပြန်လည်ကူးယူ တင်ပြပါသည်။)
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကျန်းမာရေး
0 comments:
Post a Comment