အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အဆီပြန်တဲ့ဆံပင်အတွက် ထိန်းသိမ်းနည်းလမ်း (၉)သွယ်

အဆီပြန်တဲ့ဆံပင်အတွက် ထိန်းသိမ်းနည်းလမ်း (၉)သွယ်

Written By MyanmarChnnel@ on Sunday, October 27, 2013 | 8:36 PM

ဟိုမုန်းအတက်အကျမမှန်ခြင်း နဲ့ မွေးရာပါမျိုးရိုးဗီဇတွေကြောင့် အချို့ သူတွေမှာ ခေါင်းဦးရေပြားဂလင်းကနေ အဆီများလိုအပ် သည်ထက်ပိုပြီး စိမ့် ထွက်လာကြပါတယ်။ တချို့ က ခေါင်းလျှော်ပြီး ၁-ရက်အကြာ အဆီတွေထွက်လာပြီး ကြည့်မကောင်းတော့ သလို၊ အချို့ ကလည်း နံက်ခေါင်းလျှော်ပြီး နေ့ လည်ရောက်တာနဲ့  အဆီထွက်လာတာကြောင့် ဆံပင်တွေကစေးခဲနေပြီး၊ အများ အမြင်မှာ ခေါင်းမလျှော်ဘဲညစ်ပတ်သူလို့ အထင်ခံနိုးနိုးဖြင့် မိမိကိုယ်ကိုယုံကြည်မှု နည်းလာစေပါတော့တယ်။


ဒီ့အတွက် စိတ်မပျက်ပါနဲ့ ။ မိမိအိမ်မှာတင် ကယိကထမများ/ငွေမကုန်ဘဲ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းကောင်းလေးတွရှိပါတယ်။ အောက်ပါနည်းလမ်း(၉)သွယ်ထဲက မိမိနဲ့ အဆင်ပြေမယ့် ဆေးကောင်းတစ်လက်ကို ရှာဖွေကြည့်ကြပါစို့ လားရှင်။
နည်းလမ်း(၁)။ နေ့ တိုင်း ခေါင်းလျှော်ပါ။ ဒါမှ ဦးရေပြားသန့် စင်ပြီး၊ ဆံပင်တွေလဲစေးကပ်မနေတော့ဘူးပေါ့။
နည်းလမ်း(၂)။ ခေါင်းပေါ်မှာ shampoo တွေ ကျန်နေရင် အဆီပိုပြန်တတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ တခေါင်းလုံး အနှံ့ ဆံပင်တွေကိုလက်နဲ့ ဖွပေးပြီး shampoo နံ့ ပျောက်တဲ့အထိ ရေစင်စင်လောင်းချလျှော်ပေးပါ။
နည်းလမ်း(၃)။ သစ်မြစ်သစ်ဥတွေနဲ့ ဖော်စပ်ထားတဲ့ herbal oily hair shampoo အမျိုးအစားကိုသာရွေးချယ်သုံးစွဲပါ။ ပုံမှန် ဆံသားပိုင်ရှင်တွေအတွက် Ph ပမာဏ (၄.၅ - ၆.၇)တွေကို သုံးသင့်ပေမယ့်၊ အဆီပြန်တဲ့ဆံသားပိုင်ရှင်များကတော့ Ph ပမာဏ (၆.၇)ထက် ပိုတာကိုသာ ရွေးသုံးပေးပါ။
နည်းလမ်း(၄)။ အဆီပြန်တဲ့ဆံပင်တွေအတွက် ရှားစောင်းလက်ပပ်နဲ့  သံပုရာရည်များက အကောင်းဆုံးအိမ်တွင်းကုထုံးလေး တွေပါဘဲ။ မိမိလျှော်နေကျရှမ်ပူထဲမှာ ရှားစောင်းလက်ပပ်ဂျယ်လီ လ္ဘက်ရည်ဇွန်း(၁)ဇွန်းနဲ့  သံပုရာရည် လ္ဘက်ရည်ဇွန်း(၁)ဇွန်း တို့ ရောစပ်ပြီး ခေါင်းလျှော်ပေးပါ။
နည်းလမ်း(၅)။ အဆီပြန်တဲ့ ဆံပင်တွေအတွက် hair conditioner မသုံးသင့်ပါဘူး။ အကယ်၍ သုံးချင်သူများအတွက် hair conditioner ကို ဦးရေပြား နဲ့ ကပ်တဲ့ ဆံပင်အရင်းနားထိမလိမ်းဘဲ၊ ဆံအဖျားနားလောက်သာလိမ်းပြီး ရေပြန်လောင်းချပေး လိုက်ပါ။
နည်းလမ်း(၆)။ ခေါင်းဖြီးတဲ့အခါ ဘီး(သို့ မဟုတ်)ဘရက်ရှ်တွေနဲ့  ဆံပင်အရင်းနှင့်ဦးရေပြားတွေကို ပွတ်ကုတ်တာမျိုး မလုပ်မိ ပါစေနဲ့ ။ အဲလိုပြုခြင်းက ဦးရေပြားထဲရှိအဆီအိတ်များပွင့်ထွက်လာပြီးတော့ ဆံပင်အဆီပိုပြန်တတ်စေပါတယ်။
နည်းလမ်း(၇)။ ရာသီဥတုအေးခြင်း၊ ခေါင်းလျှော်ဖို့ အချိန်မရခြင်း၊ နေမကောင်းခြင်း ..စတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့  ခေါင်းမ လျှော်နိုင်သေးတဲ့အခါ၊ အပြင်ထွက်ခါနီး johnson’s baby powder(ကလေးပေါင်ဒါ)မှုန့် ကို ခေါင်းပေါ်အနဲငယ်ဖြူးပြီး ၅-မိနစ်ခန့်  အကြာ ဘီးနဲ့ သေသေချာချာခေါင်းဖြီးပေးပါ။ အဲဒီပေါင်ဒါမှုန့် တွေက ဆံသားပေါ်ရှိအဆီတွေကိုစုပ်ယူပေးသွားတာကြောင့် အဆီ မပြန်တော့ဘဲ၊ ဆံပင်အနံ့ ဆိုးတွေလဲ ပျောက်သွားပါတယ်။
နည်းလမ်း(၈)။ ဘီယာ၊ သံပုရာရည်၊ ရှာလကာရည် စတဲ့ အက်ဆစ်တွေက ဆံပင်အဆီပိုတွေကို ကောင်းစွာဖယ်ရှားသုတ်သင် ပေးနိုင်ပါတယ်။ သုံးနေကျရှမ်ပူနဲ့ ပုံမှန်ခေါင်းလျှော်ပြီးတဲ့အခါ၊ ၄င်း ဘီယာ/သံပုရာရည်/ရှာလကာရည် စသဖြင့် အဆင်ပြေရာ တစ်ခုခုဖြင့် ဆံသားများကို ဆေးကြောပြီးနောက် ရေစင်စင်ပြန်လောင်းချပေးပါ။
နည်းလမ်း(၉)။ ခွက်သန့် သန့် တစ်ခုထဲမှာ ကြက်ဥအနှစ် ၂-လုံးကို သံပုရာသီး တခြမ်းလောက်အရည်ညှစ်ချပြီး၊ သမသွားအောင် လက်ဖြင့် နာနာမွှေပါ။ ပြီးရင် ဆံပင်ကိုရေစွတ်ပြီးနောက် ထိုအနှစ်ရည်တွေလိမ်းကာ ဆံပင်ပေါင်းတင်ပေးပါ။ ၁၅-မိနစ် ခန့် အ ကြာ ရေစင်စင်လျှော်ချပေးလိုက်ပါ။
အထက်ပါ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်း(၉)သွယ်ထဲက မိမိနဲ့ အဆင်ပြေတဲ့နည်းကိုသုံးရင် အဆင်ပြေပျော်ရွှင်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်ရှင်။
(စေတနာများစွာဖြင့်…..ပေါက်ပေါက်)
(မှီငြမ်း American Daily Health Tips )

(ကျန်းမာရေးစာတိုများစုစည်းမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်