နင်နဲ့တွေ့နေတုန်း ဘယ်နားရောက်နေမှန်းတောင် မသိဘူး။
အတ္တဟုတ်လား ?
နင့်ရှေ့ရောက်ရင် မရှိတော့တာ သေချာတယ်။
သစ္စာ ဟုတ်လား ?
နင့်ကိုပေးထားတယ်လေဟာ။
မေတ္တာ ဟုတ်လား?
နင့်ရှေ့မှ ချထားပေးတယ်လေ။
အကြင်နာဟုတ်လား?
နင့်နားမှာအရိပ်လိုရှိနေတယ်။
ဥပက္ခာ ဟုတ်လား?
နင့်ကို မပြုထားနိုင်လို့ ခက်နေတယ်။
အချစ်ဟုတ်လား ?
နင့်လက်ထဲမှာ ထည့်ထားပေးတယ်လေ။
အမုန်းဟုတ်လား?
ဘယ်မှာမှန်းတောင်မသိလို့ နင်သိရင်ပြောပြပါလား။
ငါ နင့်ကို အဲလောက်ထိ ရူးသွပ်နေခဲ့တာပါဟာ
ဆုလေးနွယ်
0 comments:
Post a Comment