အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

Written By MyanmarChnnel@ on Monday, October 21, 2013 | 9:33 PM


- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။
- လေ့ကျင့်ခန်းပြုလုပ်သူများ၏ (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ်ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို အမြန်သက်သာစေသည်။
- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊ ဆွဲနိုင်သည့် အများဆုံးအလေးချိန်သည် လူ့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းသာရှိသင့်သည်။



- ကျန်းမာရေးနှင့်ညီညွတ်အောင် အစာမစားသည့်အခါ အ၀လွန်လာစေပြီး ခါးဆစ်ရိုးကို အားပြုရမှုလွန်ကဲစေသည်။
- မွေ့ရာဟောင်းများသည် လူ့ခန္ဓာ ကိုယ်အလေးချိန်ကို အပြည့်အ၀ ထောက်ပံ့မပေးနိုင်ဘဲ အိပ်ချိန်ကြာလာသည်နှင့် ပျော့အိလာပြီး ကျောရိုး ဆစ်ကိုကျွံဝင်သွားစေသည်။ ထို့ကြောင့် အိပ်ရာနိုးလာသည့်အချိန်တွင် ခါးနာဝေဒနာခံစားရတတ်သည်။ ထို့ကြောင့်မွေ့ရာများကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် လဲလှယ်ပါ။
- ဒေါက်ဖိနပ်အမြင့်စီးလျှင် ကျောရိုး ကြွက်သားများ အလုပ်ပိုလုပ်ရသည်။ ဒေါက်ဖိနပ်စီးသည့်အခါ ဖနောင့်အောက်တွင် ကူရှင်ခံစီးပါ။ ဒေါက် ဖိနပ်စီး၍ ဝေးဝေးမလျှောက်ပါနှင့်။
- စိတ်ဆိုးခြင်း၊ စိတ်ဖိစီးခြင်းကြောင့် ကျောကြွက်သားများ တောင့်တင်းစေသည်။ ဒေါသလျှော့ပါ။ စိတ်ဖိစီးမှု လျှော့ပါ။
- တစ်ပတ်လျှင် (၁၅) နာရီခန့် တီဗီကြည့်ခြင်းသည် ခါးနာခြင်းကို သုံးဆပိုမိုဖြစ်ပွားစေသည်။ တီဗီ ကြည့်ချိန်လျှော့ချပါ။ ကြော်ငြာဝင်ချိန်တွင် အကြောဆန့်ပါ။
- ခါးနာခြင်းကို လစ်လျူရှုမထားပါ နှင့်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်မ ဖြစ်ခင်ကုသမှုခံယူပါ။
သီဟ

Source:backsurgeon
Health Updates Journal

(ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု မှ ပြန်လည်ကူးယူမျှဝေပါသည်။)


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်