အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဆေးဝါးမပါဘဲ မီးဖိုချောင်သုံးပစ္စည်းများဖြင့်ကုသနည်းသစ်

ဆေးဝါးမပါဘဲ မီးဖိုချောင်သုံးပစ္စည်းများဖြင့်ကုသနည်းသစ်

Written By MyanmarChnnel@ on Friday, October 25, 2013 | 7:55 PM

ခေါင်းကိုက်နေတာ၊ဒူးခေါင်းနာနေတာတွေကိုဆေးဝါးအကူမပါပဲမီးဖိုချောင်
သုံးပစ္စည်းများနဲ့ကုလို့ရနိုင်ပါတယ်။သင်ကြိုက်နှစ်သက်တဲ့အစားအစာတွေ
ဟာခေါင်းကိုက်တာနဲ့ခါးနာတာတွေကိုသက်သာစေပြီးရောင်ရမ်းမှုနဲ့နာကျင်
တာတွေကိုလျော့ချနိုင်တယ်လို့လေ့လာမှုအသစ်အရအောက်ပါအတိုင်းတွေ့
ရှိထားပါတယ်။

(၁)ကြွက်သားနာကျင်မှုသက်သာအောင်
ခရမ်းချဉ်သီးဖျော်ရည်သောက်ပါ။


လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် အားကစားခန်းမမှာကစားတာတွေပြု
လုပ်ပြီးနောက်ခြေထောက်ကိုက်ခဲနေမှာကိုစိုးရိမ်နေပါသလား။နာကျင်မှုသက်
သာအောင်ခရမ်းချဉ်သီးဖျော်ရည်သောက်လိုက်ပါ။ချွေးထွက်နေစဉ်မှာခန္တ
ကိုယ်မှဆုံးရှုံးသွားတဲ့ဆိုဒီယမ်နဲ့ပိုတက်စီယမ်လိုမျိုးသတ္တုဓာတ်တွေဟာ
ခရမ်းချဉ်သီးမှာအများအပြားပါဝင်တာကြောင့်ပါ။အံဒီသတ္တုဓာတ်တွေဟာ
ခရမ်းချဉ်သီးဖျော်ရည်သောက်တာကြောင့်ပြန်လည်ရရှိနိုင်တဲ့အတွက်ကြွက်
သားနာကျင်တာတွေအမြန်သက်သာသွားနိုင်တယ်လို့အစားအစာနဲ့ဓာတု
အဆိပ်ပိုင်းဆိုင်ရာဂျာနယ်ကလေ့လာမှုအသစ်မှာတွေ့ရှိထားပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်ပေးပါ။
ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်မှာအားကစားဖျော်ရည်တစ်ခွက်(Sport
drinks)ထက်ဆိုဒီယမ်ခြောက်ဆခွဲနဲ့ပိုတက်စီယမ် ၁၅ ဆပိုမိုပါဝင်ပါတယ်။
အကယ်လို့ခရမ်းချဉ်သီးကိုမကြိုက်ဘူးဆိုရင်ချယ်ရီသီးဖျော်ရည်သောက
နိုင်ပါတယ်။

(၂)အဆစ်ကိုက်ခဲမှုသက်သာအောင်
လိမ္မော်ရည်သောက်ပေးပါ။

အရိုးအဆစ်ရောင်ရောဂါရှိပြီးဗီတာမင် Dရရှိမှုနည်းသူတွေဟာအေးတဲ့ရာ
သီမှာအဆစ်ပိုမိုကိုက်ခဲတတ်တယ်လို့မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအရ
တွေ့ရှိထားပါတယ်။ဗီတာမင် Dဟာအရိုး၊ကြွက်သားနဲ့အရိုးနုသန်မာဖို့အ
တွက်လိုအပ်တာကြောင့်ပါလို့သုတေသီတွေကရှင်းပြထားပါတယ်။
ဗီတာမင် D အားဖြည့်ထားတဲ့လိမ္မော်ရည်၊နွားနို့၊ဒိန်ချဉ်သောက်ပေးပါ။
ဒါမှမဟုတ် ဗီတာမင်Dများစွာပါဝင်တဲ့ဆယ်လ်မွန်၊တူနာ၊နဲ့ကြက်ဥစားပေး
ပါ။
Tip:ချင်းဖျော်ရည်သောက်ပါ။
ဂျင်းဟာရောင်ရမ်းမှုလျော့စေတဲ့ဂုဏ်သတ္တိရှိတဲ့အတွက်အဆစ်တောင့်တင်း
တာနဲ့အဆစ်ရောင်တာသက်သာနိုင်ပါတယ်။ချင်းကိုပါးပါးလှီးပြီးရေနွေး
တစ်ခွက်ထဲထည့်ကာ၁၀ မိနစ်ခန့်စိမ်ပြီးသောက်ပါ။

(၃)ခါးကိုက်ဝေဒနာသက်သာအောင်
Cerealစားပေးပါ။
တစ်နေ့တာလုံးထိုင်ပြီးအလုပ်လုပ်ရတဲ့အတွက်ခါးကိုက်ဝေဒနာခံစားရနိုင်ပါ
တယ်။ဗီတာမင်ဘီဝမ်း(B1)၊ဘီစစ်(B6)၊ဘီတွဲ(B12)များစွာပါဝင်တဲ့အားဖြည့်
Cereal ကိုစားပေးရင်မိနစ်အနည်းငယ်အတွင်းခါးကိုက်တာသက်သာစေနိုင်
ပါတယ်။ဗီတာမင် Bအုပ်စုကနာကျင်မှုအချက်ပြတာကိုပိတ်ပင်နိုင်ပြီးရောင်
ရမ်းတာကိုသက်သာစေနိုင်တာကြောင့်ပါ။မနက်တိုင်းဗီတာမင်Bသုံးမျိုးပါဝင်
တဲ့အားဖြည့် Cereal စားပေးပါ။
Tip:အကျိုးကျေးဇူးပိုမိုရရှိအောင်ဂုန်လျှော်စေ့စားပါ။
လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာဂုန်လျှော်စေ့ကိုသင်စားတဲ့Cerealပေါ်မှာထည့်
စားရင်ခါးကိုက်ဝေဒနာမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ဂုန်လျှော်စေ့မှာပါ
ဝင်တဲ့Omega 3 Fatty Acid ကရောင်ရမ်းမှုကိုသက်သာစေနိုင်တာကြောင့်
ပါ။

(၄)ဗိုက်နာသက်သာအောင်
စမုန်စပါးစားပေးပါ။

သင့်ရဲ့အစာအိမ် ဒါမှမဟုတ်အူအတွင်းလေတွေခိုအောင်းနေရင်ဗိုက်နာတတ်
ပါတယ်။စမုန်စပါးစားပေးပါ။ဗိုက်နာတာသက်သာသွားနိုင်ပါတယ်။စမုန်စပါး
မှာပါဝင်တဲ့အဆီတွေကလေကိုဖြိုခွဲနိုင်ပြီးအူ Spasmဖြစ်တာအမြန်ပျောက်
ကင်းနိုင်ပါတယ်။လေပွတာဒါမှမဟုတ်ဗိုက်အောင့်လာရင်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာစမုန်
စပါးကိုပါးစပ်ထဲထည့်ပြီးဝါးစားပါ။

(၅)ခေါင်းကိုက်ခြင်းမှကာကွယ်နိုင်အောင်
သခွားသီးစားပါ။

ခေါင်းကိုက်တာဟာခန္တာကိုယ်တွင်းရေဓာတ်နည်းတာကြောင့်ဖြစ်တာပါ။ခန္တ
ကိုယ်တွင်းရေဓာတ်နည်းတာကိုဦးနှောက်ကသိရှိသွားတဲ့အခါ သင့်ကိုသတိ
ပေးဖို့နာကျင်မှုဖြစ်အောင်လှုံဆော်ပါတယ်။မကြာခင်ကပြုလုပ်တဲ့လေ့လာ
မှုအသစ်အရခေါင်းကိုက်ဝေဒနာနဲ့ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူ
တွေရဲ့ 50%ဟာရေများများသောက်လိုက်ရုံနဲ့ဝေဒနာခံစားရတာလျော့နည်း
သွားတယ်လို့သိရပါတယ်။ရေများများသောက်တဲ့အပြင်ရေဓာတ်ပါဝင်မှု
များတဲ့ သခွားသီး၊ဆလတ်ရွက်၊ခရမ်းချဉ်သီး၊တရုတ်နံနံလိုမျိုးဟင်းသီး
ဟင်းရွက်တွေကိုစားပေးပါ။
Tip:ပူဒီနာနှင့်ခေါင်းကိုက်ဝေဒနာသက်သာစေသောနည်း
ခေါင်းကိုက်ကိုက်ချင်းရေအေးနဲ့စိမ်ထားတဲ့ Peppermint လက်ဖက်ရည်
ထုပ်ကိုအရည်ညှစ်ကာနားထင်ပေါ်ကိုမိနစ် ၃၀ခန့်ဖိထားပေးပါ။မျက်လုံး
ထဲအရည်တွေမ၀င်အောင်သတိထားပေးပါ။
Peppermint အဆီဟာပါရာစီတမောဆေးဝါးလိုနာကျင်မှုဝေဒနာသက်သာ
စေနိုင်တယ်လို့ဂျာမနီတက္ကသိုလ်မှသိပ္ပံပညာရှင်တွေကဖော်ထုတ်ထားပါ
တယ်။

(၆)ဇက်ကြောတက်ခြင်းသက်သာအောင်
ကော်ဖီသောက်ပါ။

computerနဲ့အကြာကြီးအလုပ်လုပ်သူတွေဟာဇက်ကြောတက်တဲ့ဝေဒနာ
၊ပခုံးတောင့်တင်းတဲ့အ၀ဒနာရရှိတတ်ပါတယ်။အလုပ်လုပ်ရာမှခေတ္တရပ်ပြီ
ကော်ဖီသောက်ပေးပါ။ကော်ဖီမှာပါဝင်တဲ့ကဖင်းတွေကနာကျင်မှုဝေဒနာ
အာရုံခံဆဲလ်တွေကိုပိတ်ပင်အောင်လှုံဆော်နိုင်တာကြောင့်ပခုံးနာတာနဲ့
လက်မောင်းကိုက်တာ၊ဇက်ကြောတက်တာတွေသက်သာသွားစေနိုင်ပါတယ်။
ပခုံးတောင့်တင်းနေတာသိလိုက်တာနဲ့ကော်ဖီတစ်ခွက်သောက်ပါ။ဒါမှမဟုတ
အလေးမရတာမျိုးပခုံးမှာဖိအားများမယ့်အလုပ်တွေမလုပ်ခင်မှာကော်ဖီတစ်
ခွက်သောက်ပေးပါ။
Tip:ကော်ဖီနဲ့အတူအကိုက်အခဲပျောက်ဆေးသောက်ပေးပါ။
အကိုက်အခဲပျောက်ဆေးသောက်ရလောက်အောင်ကိုက်ခဲနေပါကအကိုက်
အခဲပျောက်ဆေးကိုကော်ဖီတစ်ခွက်နှင့်အတူတွဲသောက်ပါ။မကြာခင်ကပြု
လုပ်တဲ့လေ့လာမှု ၁၉ ခုအရကဖင်းဟာအကိုက်အခဲပျောက်ဆေးတွေကိုစုပ်
ယူမှုပိုများစေတဲ့အတွက်ဆေးရဲ့အစွမ်းပိုထက်စေပြီးဝေဒနာအမြန်သက်သ
စေနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး

(ကျန်းမာရေးစာတိုများစုစည်းမှု မှ ပြန်လည်ကူးယူမျှဝေပါသည်။)


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်