အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မီးနေသည်များ ငါးခြောက်စားပါက ဘယ်ရီ ဘယ်ရီ ရောဂါ ဖြစ်နိုင်

မီးနေသည်များ ငါးခြောက်စားပါက ဘယ်ရီ ဘယ်ရီ ရောဂါ ဖြစ်နိုင်

Written By MyanmarChnnel@ on Wednesday, October 23, 2013 | 8:18 PM


မီးနေသည်များ ငါးခြောက် စားခြင်းမှာ မိခင်ရော၊ ကလေးပါ ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မြန်မာလူမျိုးတို့၏ ထုံးစံအရ ငါးခြောက်၊ ငါးကြော်၊ ကြက်ကြော်တို့ကို မီးနေသည် အစာအဖြစ် ယူဆကာ စားသုံးကြလေ့ ရှိကြောင်း၊ ယင်းတို့အနက် ငါးခြောက်များမှာ အစားအသောက်များမှ 



ဗီတာမင်ဘီဝမ်းဓာတ်ကို ဖျက်ဆီးသည့်ဓာတ် ပါဝင်သောကြောင့် မိခင်ရော၊ ကလေးပါ ဗီတာမင် ဘီဝမ်း ချို့တဲ့သည့် ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမြသီတာက ပြောကြားသည်။ “ဘီတာမင် ဘီဝမ်း ချို့တဲ့လို့ ဖြစ်တဲ့ ဘယ်ရီဘယ်ရီ ရောဂါ လက္ခဏာက ခြေလက်တွေထုံ ကျဉ်လာမယ်။ ဖောလာမယ်၊ မောလဲ မောလာမယ်။ နောက်ဆုံး ချည့်နဲ့သွားနိုင်တယ်။ အရပ်ထဲမှာ ပြောလေ့ရှိတဲ့ မီးနေသည် ချည့်နဲ့တယ်ဆိုတာ ဘီတာမင်ဘီဝမ်း ချို့တဲ့လို့ဖြစ်တာ” ဟု ဒေါက်တာ မြသီတာက ဆက်လက် ပြောသည်။ ယင်းအပြင် မိခင်၏နို့ကို စို့သော နှစ်လသား၊ သုံးလသား အရွယ်ကလေးများမှာလည်း ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားလာပါက သွေးအားနည်းကာ ဖြူဖျော့လာခြင်း၊ ဖောသွပ်ခြင်း၊ နှလုံးခုန်နှုန်း မြန်လာခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပြီး အမောဖောက်ကာ ရုတ်တရက် သေဆုံးနိုင်ကြောင်း သိရသည်။ “ကလေးက အကောင်းကြီးကနေ ပြာနှမ်းပြီး သေတယ်ဆိုရင် အညှော်မိလို့ သေတယ်ဆိုပြီး လွဲမှားစွာ ယူဆနေကြတယ်။ အဲဒါကို သူငယ်နာ ကိုယ်တိုးလို့လဲ ခေါ်ကြတယ်။ အမှန်တကယ်က ဘီတာမင်ဘီဝမ်း ချို့တဲ့လို့ သေတာ” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ယင်းအပြင် မိခင်များ အနေဖြင့် မီးနေသည် အစာအာဟာရများကို ချက်ပြုတ် စားသောက်ရာတွင် ငါးခြောက် အစားအသားများကို ဟင်းသီးဟင်းရွက်များနှင့် ရောနှောချက်ပြုတ်ကာ စားသောက်ရမည် ဖြစ်ကြောင်း၊ ချက်ပြုတ်စားခြင်းသည် သားငါးများကို ကြော်စားခြင်းထက် အာဟာရ ပိုမိုပြည့်ဝစွာ ပါဝင်ကြောင်းလည်း သိရသည်။

BY YANGON TIMES JOURNAL


(ကျန်းမာရေး ဆေးမြီးတိုများ မှ ပြန်လည်ကူးယူမျှဝေပါသည်။)

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်