အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ရယ်၍ ငို၍ မရသော ရောဂါ

ရယ်၍ ငို၍ မရသော ရောဂါ

Written By MyanmarChnnel@ on Friday, October 25, 2013 | 7:51 PM


သွားတိုက်တံကို သုံးလတစ်ကြိမ်လဲပါ၊ ခြောက်လတစ်ကြိမ်လဲပါလို့ ပြောနေကြပေမယ့် လက်တွေ့ကျတော့ ဝယ်ပြီးသုံးလ၊ ခြောက်လကြာရင် ပစ်လိုက်တာမျိုးတော့ ရှားပါတယ်။ ဆရာပြောချင်တာကတော့ သွားပွတ်တံရဲ့ မျက်နှာပြင်က ဝက်မှင်ဘီးတွေကို ကြည့်လိုက်လို့ ပုံမှန်ထောင်ပြီး နူးညံ့ပျော့ပျောင်းနေရင်သုံးလို့ ရပါသေးတယ်။ အဲဒီလို မဟုတ်ဘဲဖွာလန်ကြဲနေပြီဆိုရင်တော့ ဘယ်နှလပဲဖြစ်ဖြစ် အသစ်လဲပေးသင့်ပါတယ်။ တချို့ကျတော့ သွားကို ဖိတိုက်တတ်တော့ တစ်လလောက်ကြာတာနဲ့ကို သွားပွတ်တံက ဖွာလန်ကြဲနေတတ်တယ်။ တကယ်တော့ သွားတိုက်တဲ့အခါမှာ ဖိပြီး ကြမ်းကြမ်းတမ်းတမ်း မတိုက်သင့်ပါဘူး။ အဲဒီလိုတိုက်ရင် သွားအပေါ်ယံက ကြေသွားလွှာကို 


စားသွားတဲ့အတွက် သွားတွေမှာ အစင်းရာတွေ ထင်သွားတယ်။ အဲဒီအခါ ရေအေးသောက်လို့မရ၊ ရယ်လို့ မရတာမျိုး ဖြစ်တတ်တယ်။ တာမျိုး ဖြစ်တတ်တယ်။ ဒါကို ရယ်၍ ငို၍မရတဲ့ ရောဂါလို့ တင်စားကြတယ်။ ဆိုလိုတာက ရယ်လိုက်ရင် လေတိုက်တဲ့အခါ သွားကျဉ်တာကြောင့်ပါ။ သွားကျဉ်လာပြီဆိုရင် သွားကျဉ်တာ သက်သာစေမယ့် သွားတိုက်ဆေးအမျိုးအစားကို သုံးပြီး တိုက်ပေးဖို့ လိုပါတယ်။

အဓိက ကတော့ အိမ်တွေမှာအိမ်သား တစ်ဦးစီမှာ ကိုယ်ပိုင် သွားပွတ်တံ တစ်ချောင်းစီ ရှိသင့်ပါတယ်။ တချို့အိမ်တွေက သွားပွတ်တံ တစ်ချောင်းတည်းကိုပဲ တစ်အိမ်သားလုံး မျှပြီး အသုံးပြုတတ်ကြတယ်။ ဒါက လုံးဝ မကောင်းပါဘူး။ သွားပိုးစားရောဂါက ကူးစက်တတ်တာကြောင့် သွားပွတ်တံတစ်ချောင်းတည်းကို အတူတူသုံးတဲ့အခါ လူတစ်ဦးမှာ သွားပိုးစားရောဂါရှိရင် နောက်လူကို ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံကို လူတစ်ယောက်မှာ တစ်ချောင်းထားပါ။ သုံးပြီးတာနဲ့ ထောင်ထားပါ။ မသုံးခင်မှာလည်း သွားပွတ်တံကို ပြောင်အောင်ဆေးပြီးမှ သွားတိုက်ဆေးထည့်ပါ။ လူကြီးသွားတွေ ခိုင်ခံ့ကျန်းမာ လှပဖို့အတွက် ရောဂါဖြစ်ဖြစ်၊ မဖြစ်ဖြစ်ခြောက်လ တစ်ကြိမ်ပြပြီး စစ်ဆေးသင့်ပါတယ်။ တကယ်လို့ မပြဖြစ်ရင်တောင် တစ်နှစ်တစ်ကြိမ်တော့ ပြသင့်ပါတယ်။ လူအများစုက သွားတွေ ကိုက်မှ၊ နာမှ၊ နုတ်ရခါနီးမှ လာပြကြတာ များပါတယ်။ အဲဒီလို မလုပ်ဘဲ သွားတွေရဲ့ ကျန်းမာရေးအတွက် အစဉ် ကြိုတင်ကာကွယ်ထိန်းသိမ်းနေသင့်ပါတယ်။ နောက်တစ်ခု ပြောလိုတာက လျှာသန့်ရှင်းရေးပါ။

လျှာရဲ့ တည်ဆောက်မှုအရ လျှာပေါ်မှာ တစ်သျှူးအဖုလေးတွေ အများကြီး ရှိပါတယ်။ အဲဒီတစ်သျှူးအဖုလေးတွေ ပျက်စီးရင် လျှာပေါ်မှာ အနာတွေ ဖြစ်တတ်ပါတယ်။ သွားကို စနစ်တကျ တိုက်လိုက်လို့ သွားနဲ့ ခံတွင်းသန့်စင်နေရင် ပါးစပ်နံတာလည်း မဖြစ်စေပါဘူး။ ဘက်တီးရီးယား ကပ်ငြိမှုလည်း မရှိနိုင်ပါဘူး။ ဒါကြောင့် လျှာပွတ်တံသုံးမယ့်အစား အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့ လိုပါတယ်။သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရမယ်။အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးရပါမယ်။ ချိုပြီးစေးကပ်တဲ့ အစာတွေကို ရှောင်ရပါမယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးရပါမယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပြသစစ်ဆေးမှုကို ခံယူသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH

(ကျန်းမာရေးစာတိုများ စုစည်းမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

မှတ်သားသင့်သော အရာမို့ အားလုံးပဲ လိုက်နာမှတ်သား သိသင့်သည်များကို သိရှိနိုင်ကြပါစေလို့ ဆုတောင်းပါတယ်ရှင် 

                                             လွမ်းဆုလေး(ခ) ဆုလေးနွယ် 


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်