အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အရက်ကြောင့် အသည်းရောင်ရမ်းခြင်း (Alcoholic hepatitis)

အရက်ကြောင့် အသည်းရောင်ရမ်းခြင်း (Alcoholic hepatitis)

Written By MyanmarChnnel@ on Tuesday, November 12, 2013 | 7:35 PM

အရက်ကို အလွန်အမင်း သောက်သုံးတာကြောင့် အသည်းရောင်ရမ်းမှု ဖြစ်ရတဲ့ အခြေအနေကို Alcoholic Hepatitis လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အရက်ကို အသင့်အတင့်ပဲ သောက်တဲ့သူ တချို့မှာလည်း အသည်းရောင်ရမ်းမှု ဖြစ်တတ်ပါတယ်။ အရက်ကြောင့် အသည်း ရောင်ရမ်းတဲ့အခါ အရက်သောက်တာကို ရပ်ရပါမယ်။ အရက်ကို ဆက်သောက်တဲ့အခါ ပြင်းထန်တဲ့ အသည်းထိခိုက်မှု နဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။

အရက်ကြောင့် အသည်းရောင်ရမ်းမှု ဖြစ်ရသော လက္ခဏာများ


မျက်လုံးနဲ့ အရေပြား ဝါတာနဲ့ အရည်ဓာတ် စုဆောင်းမှုကြောင့် ခါးတုတ်တာက အရက်စွဲပြီး အသည်းရောင်ရမ်းတဲ့အခါ အတွေ့ရ အများဆုံး လက္ခဏာ နှစ်ခုပါ။ ဒါ့အပြင် အစာစားချင်စိတ် မရှိတာ၊ ပျို့ချင်အန်ချင်စိတ် ပေါ်တာ၊ အန်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်အလေးချိန် ကျတာတွေလည်း ဖြစ်တတ်ပါတယ်။ အရက်ကြောင့် အသည်းရောင်ရမ်းနေတဲ့ သူတိုင်း အာဟာရချို့တဲ့မှု ဖြစ်နေတတ်ပါတယ်။ အရက်ကို အလွန်အမင်း သောက်သုံးတာကြောင့် အစာစားချင်တဲ့ ဆန္ဒကို ချိုးနှိမ်သလို ဖြစ်တာကြောင့်ပါ။ ရေဖျဉ်းစွဲတာ၊ ဦးနှောက်ထဲ အဆိပ်စုပုံမှုကြောင့် အပြုအမူ ပြောင်းလဲတာ၊ အသည်းနဲ့ ကျောက်ကပ် ထိခိုက်တာတို့လည်း ဖြစ်တတ်ပါတယ်။

အရက်ကြောင့် အသည်းရောင်ရမ်းမှု ဖြစ်နိုင်ခြေများသူများ

အရက်ကို အလွန်အမင်းသောက်တာကြောင့် အသည်းရောဂါ ဖြစ်စေနိုင်ပြီး သင်သောက်တဲ့ အချိန်နဲ့ အယ်လ်ကိုဟော ပမာဏပေါ် မူတည်ပြီး ရောဂါဖြစ်နိုင်ခြေ များနေပါတယ်။ ဒါ့အပြင် တခြား အချက်တွေကြောင့်လည်း အသည်းရောင်ရမ်းမှု ဖြစ်တတ်ပါတယ်။

အသည်းရောင်ရမ်းမှု အမျိုးအစားများ - ကြာရှည် အရက်သောက်သူဟာ အသည်းရောင် အသားဝါပိုး၊ အထူးသဖြင့် စီပိုးရှိတဲ့အခါ အသည်းထိခိုက်နိုင်ခြေ ပိုများပါတယ်။ အသည်းရောင် အသားဝါ စီပိုးရှိပြီး နေ့စဉ် အရက်အသင့်အတင့် သောက်တယ်ဆိုရင် မသောက်သူထက် အသည်းပျက်စီးနိုင်ခြေ ပိုများပါတယ်။

အာဟာရချို့တဲ့ခြင်း - အရက် အလွန်အကျွံ သောက်သူအများစု အာဟာရ ချို့တဲ့နိုင်ပါတယ်။ အကြောင်းကတော့ အစားအသောက် ပုံမှန်မစားတာ ဒါမှမဟုတ် အယ်လ်ကိုဟောနဲ့ တခြားအဆိပ်တွေက ခန္ဓာကိုယ်ရဲ့ အာဟာရ စုပ်ယူမှုကို ဟန့်တားတာကြောင့် ဖြစ်တတ်ပါတယ်။ အာဟာရ ချို့တဲ့မှုကြောင့် အသည်းဆဲလ် ထိခိုက်စေနိုင်ပါတယ်။

အဝလွန်ခြင်း - အယ်လ်ကိုဟောနဲ့ အဝလွန်တာ နှစ်ခုပေါင်းရင် အသည်းအပေါ် ပိုအားပြင်းတဲ့ ဆိုးကျိုးကို ဖြစ်စေနိုင်ပါတယ်။

မျိုးဗီဇဆိုင်ရာ အချက်အလက်များ - အယ်လ်ကိုဟော ချေဖျက်မှုအပေါ် သက်ရောက်တဲ့ တချို့မျိုးဗီတွေ ပြောင်းလဲတာကြောင့် အရက်ကြောင့် အသည်းရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

ဖြစ်နိုင်ခြေများသော အန္တရာယ်များ

အယ်လ်ကိုဟော - သောက်သုံးတဲ့ အယ်လ်ကိုဟော ပမာဏဟာ အရက်ကြောင့် အသည်းရောဂါ ဖြစ်စေနိုင်တဲ့ အရေးကြီးဆုံး အန္တရာယ် ဖြစ်ပါတယ်။

လိင်အမျိုးအစား - အမျိုးသမီးတွေက အမျိုးသားတွေထက် အရက်ကြောင့် အသည်းရောင်ရမ်းမှု ဖြစ်နိုင်ခြေ ပိုများပါတယ်။ တခြား ဖြစ်နိုင်ခြေများတဲ့ အန္တရာယ်တွေက သောက်သုံးတဲ့ အရက်အမျိုးအစား၊ အရက် အလွန်အကျွံ သောက်တာ၊ အဝလွန်တာတွေပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲ ပြဿနာများ

သွေးတိုးခြင်း - အူ၊ သရက်ရွက်နဲ့ ပန်ကရိယတို့က လာတဲ့ သွေးတွေက သွေးကြောမကြီးက တစ်ဆင့် အသည်းထဲ ဝင်ရောက်ပါတယ်။ တစ်သျှူး အမာရွတ်ဖြစ်ရင် အသည်းကတစ်ဆင့် ပုံမှန် သွေးလှည့်ပတ် စီးဆင်းမှုကို နှေးစေပြီး သွေးတွေ ပြန်စီးဆင်းကာ သွေးကြောထဲ ဖိအားတက်လာပါတယ်။

သွေးပြန်ကြော ကြီးခြင်း - သွေးပြန်ကြောကြီး တစ်လျှောက် သွေးလှည့်ပတ်စီးဆင်းမှု ပိတ်ဆို့သွားတဲ့အခါ အစာအိမ်နဲ့ အစာရေမျိုပြွန်ရှိ တခြားသွေးကြောတွေထဲကို သွေးပြန်လည် စီးဆင်းမှု ဖြစ်စေပါတယ်။ အဲဒီသွေးကြော နံရံတွေ ကျဉ်းတဲ့အခါ အစာအိမ် အပေါ်ပိုင်းနဲ့ အစာရေမျိုပြွန်မှာ သွေးထွက်များစေနိုင်ပါတယ်။

ရေဖျဉ်းစွဲခြင်း - အရက်ကြောင့် အသည်းရောင်တဲ့အခါ ဝမ်းဗိုက်တစ်ဝိုက် အရည်စုဆောင်းမှု များပြီး ရေဖျဉ်းစွဲစေနိုင်ပါတယ်။ အဲဒီအခါ ပိုးဝင်လာနိုင်ပြီး ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသမှု ခံယူဖို့ လိုပါတယ်။

အသည်းရောင် အသားဝါ - အသည်းက ဘီလီရူဘင်ဓာတ်ကို ပုံမှန်အတိုင်း မစွန့်ပစ်နိုင်တဲ့အခါ အရေပြားနဲ့ မျက်ဖြူလွှာမှာ ဘီလီရူဘင်တွေ စုပုံပြီး အဝါရောင် ဖြစ်စေနိုင်ပါတယ်။

အသည်းကြီးခြင်း - အသည်းရောင်ပြီး အသည်းထိခိုက်တဲ့အခါ ခန္ဓာကိုယ်ကနေ အဆိပ်စွန့်ထုတ်ရာမှာ အခက်အခဲ ရှိလာပါတယ်။ အဆိပ်စုပုံမှုကြောင့် ဦးနှောက် ထိခိုက်စေနိုင်ပြီး စိတ်အခြေအနေ၊ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေးမှာ အပြောင်းအလဲ ရှိလာပါတယ်။ အသည်းကြီးတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေက မေ့လျော့တာ၊ သတိလစ်တာ၊ စိတ်ခံစားမှု ပြောင်းလဲတာနဲ့ မေ့မြောတာတို့ ဖြစ်တတ်ပါတယ်။

အသည်းခြောက်ခြင်း - အရက်ကြောင့် အသည်းရောင်တဲ့အခါ အသည်းခြောက်စေနိုင်ပါတယ်။

ကျောက်ကပ်ပျက်စီးခြင်း - ကျောက်ကပ် ပျက်စီးမှုလည်း ဖြစ်နိုင်ပါတယ်။

အရက်ကြောင့် အသည်း ရောင်ရမ်းမှု မဖြစ်စေရန် ကာကွယ်မှု

အရက်ကို အသင့်အတင့် သောက်ပါ - အရက်ကို မသောက်ဘဲ နေနိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ အရက်ကို မသောက်ဘဲ မနေနိုင်ရင် အသင့်အတင့်ပဲ သောက်ပါ။ ဆိုလိုတာက အသက် ၆၅ နှစ်ကျော် အမျိုးသားနဲ့ အမျိုးသမီး (ဘယ်အသက်အရွယ်မဆို) တစ်နေ့မှာ အရက် တစ်ပက်ပဲ သောက်သင့်ပါတယ်။ တခြား အမျိုးသားတွေကတော့ တစ်နေ့ နှစ်ပကထက် ပိုမသောက်သင့်ပါဘူး။

အယ်လ်ကိုဟောနှင့် ဆေးတွဲမသောက်မီ စစ်ဆေးပါ - တချို့ဆေးတွေက အရက်နဲ့ တွဲမသောက်ဖို့ ညွှန်ကြားချက် ရှိတတ်ပါတယ်။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးတွေကို အရက်နဲ့ လုံးဝ တွဲမသောက်သင့်ပါ။

အသည်းရောင် အသားဝါပိုး ကူးစက်မှု မဖြစ်စေရန် ကာကွယ်ပါ - အသည်းရောင်အသားဝါ စီပိုးက ကူးစက်နှုန်း မြင့်မားတဲ့ အသည်းရောဂါ ဖြစ်ပါတယ်။ ကုသမှု မခံယူရင် အသည်းခြောက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် အသားဝါပိုးတွေရှိပြီး အရက်ကိုပါ တွဲသောက်ရင် အသည်းထိခိုက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် အသည်းရောင် အသားဝါ ပိုးမရှိအောင် ကာကွယ်သင့်သလို ရှိနေရင်လည်း ကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

လိင်အပျော်အပါး မလိုက်စားပါနှင့် - အကာအကွယ်မပါဘဲ လိင်အပျော်အပါး လိုက်စားတာကြောင့် လိင်မှတစဆင့် ကူးစက်တတ်တဲ့ ပိုးတွေအပြင် အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုး ကူးစက်နိုင်ခြေလည်း မြင့်မားနေပါတယ်။ ဒါကြောင့် မနေနိုင်လို့ အပျော်အပါး လိုက်စားမယ်ဆိုရင် ကွန်ဒုံးသုံးပါ။

ဆရာဝန် ပြသင့်သော အချိန်

အရက်သောက်တာကြောင့် အသည်းရောင်တာက ပေါ့ဆသင့်တဲ့ အခြေအနေ မဟုတ်ပါဘူး။ အရက်အလွန်အမင်း သောက်သူ ၃၅ ရာခိုင်နှုန်းကျော်ဟာ အရက်ကြောင့် အသည်း ရောင်နေကြပါတယ်။ အသည်းရောင်ပြီး ကုသမှု မခံယူပါက ခြောက်လအတွင်း အသက်သေဆုံးနိုင်ခြေ များပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

ကေအမ်
By Good Health
(ကျန်းမာရေးအတွက်သိသင့်သည်များ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်