အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Written By MyanmarChnnel@ on Friday, November 29, 2013 | 4:51 AM


Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့ ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ 

သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည် ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။ ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။ 

Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။ ဒီအခါမှာ "Email authentication" option ကိုသုံးပြီး Reset ချရတာက ပိုပြီးတော့ လွယ်ကူပါတယ်။

"Rescue Mail" ဆိုသည်မှာ မိမိ၏ Apple ID (သို့) Password ကို မေ့သွားတဲ့ အခါမှာ အလွယ်တစ်ကူပြန်လည် ရယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ (Apple ID အတွက် သုံးထားသော mail account မဟုတ်ပဲ) မိမိရဲ့ အခြား email account တစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် Apple ID တစ်ခု ဖွင့်လှစ်ပါက Email account နှစ်ခု လိုအပ်မည်ဟု ဖော်ပြခဲ့ပါတယ်။

"Rescue Mail" ကို Apple ID စဖွင့်သော အချိန်တွင် Optional အနေနှင့် အောက်ပါအတိုင်း ထည့်သွင်းခွင့်ပေးထားခဲ့ပါတယ်။ အချို့လည်း ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါလိမ့်မယ်..


အကယ်၍ သင့်မှာ Apple ID တစ်ခုရှိနေပြီး "Rescue Mail" မထည့်သွင်းရသေးဘူး ဆိုရင်တော့ အမြန်ဆုံးသာ ထည့်သွင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်...


>>ရှိပြီးသား Apple ID တွင် "Rescue Mail" ထည့်သွင်းရန်<<

၁) သင်၏ web Browser မှတစ်ဆင့် My Apple ID ကို သွားပါ။


၂) "Manage your Apple ID" ကိုနှိပ်ပါ။

၃) Apple ID နှင့် Password သုံးပြီး Sign In လုပ်ပါ။


၎) အောက်ပါပုံအတိုင်း "Password and Security" ကိုရွေးပါ။ ထိုနောက် Security Questions ကို ဖြေဆိုပြီးနောက် "Continue" နှိပ်ပါ။


  • ယခုအဆင့်တွင် မိမိ၏ Security Questions များကို မေ့လျှော့နေခဲ့ပါက ဤနေရာတွင် သွားရောက်ပြီး မိမိ၏ information ကို ပြည့်စုံစွာ ဖြည့်စွက်၍ "Security Question နှင့် Answer ကို Reset လုပ်မည်" ဟု email ပေးပို့ပါ။
  • တစ်ရက် နှစ်ရက်အတွင်း Apple မှ စာပြန်လာပါလိမ့်မည်၊ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။


၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။


၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။ (Inbox တွင် ရှာမတွေ့ပါက Spam ထဲတွင် ရှာပါ)။ "Varify Now >" ကို နှိပ်ပါ။


၇) သင်၏ Email ကို Rescue Mail အဖြစ် Verify ဖြစ်သွားကြောင်းတွေ့ရပါမည်။



Apple ID နှင့် Password Reset / Recovery လုပ်နည်းကို အောက်ပါနေရာတွင် ဖတ်ရှုနိုင်ပါသည်..

>> Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

>> Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း
အားလုံးကိုကျေးဇူးတင်ပါတယ် ကျွှန်နော်ရဲ့ အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးကို

ဝင်ရောက်လေ့လာတဲ့သူငယ်ချင်းများအားလုံး ကို အထူးကျေးဇူးတယ်ပါတယ်
အဆင်မပြေတာလေးရှိ၇င် Cbox မှာပြောကြားခဲ့ပေးပါ
                                                    http://lwansulay.blogspot.com/ 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်