အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အရေပြားအတွက်

အရေပြားအတွက်

Written By MyanmarChnnel@ on Friday, November 1, 2013 | 7:40 PM

ရာသီဥတုဒဏ်၊ပတ်ဝန်းကျင်ညစ်ညမ်းမှု၊စိတ်ဖိစီးမှု၊နေထိုင်မှုပုံစံ၊အသက်အရွယ်ကြီးလာတာစတာတွေကသင့်အသားအရေကိုပြောင်းလဲ
စေတာ၊အရေးအကြောင်းဖြစ်တာ၊
အမည်းစက်တွေထွက်တာ၊ချွေးပေါက်ကျယ်တာ၊မျက်ခုံးမမွေးကျဲပါးလာ
တာစတာတွေဖြစ်ပေါ်လာတာကြောင့်နည်းလမ်းအဆင့်ဆင့်ကိုလိုက်နာလုပ်
ဆောင်ကြည့်ပါ။

အရေးအကြောင်းဖြစ်ခြင်းမှကာကွယ်ရန်


အဆင့်(၁)-အယ်ဖာဟိုက်ဒရောက်ဆီအက်ဆစ်ဒါမှမဟုတ်ဆယ်လီစလစ်အက်စစ်
ပါဝင်တဲ့မျက်နှာသန့်စင်ပစ္စည်းကိုအသုံးပြုပြီးဆဲလ်သေတွေကို
ဖယ်ရှားပေးပါ။ပြီးရင်အင်တီအောက်စီးဒင့်ပါဝင်တဲ့လိုးရှင်းတွေ
လိမ်းပေးပါကဓာတ်တိုးဖြစ်စဉ်ကြောင့်အရေပြားပျက်စီးမှုမဖြစ်အောင်
ကာကွယ်ပေးပါတယ်။ဗီတာမင်စီ၊လက်ဖက်စိမ်းမှထုတ်လုပ်တဲ့
ပါဝင်ပစ္စည်းကိုလာဂျင်ထုတ်လုပ်မှုကိုလှုံဆော်ပေးတဲ့
ပက်တိုက်စတာတွေပါဝင်တဲ့လိုးရှင်းတွေကအရေးကြောင်းဖြစ်ပေါ်မှုကို
ဟန့်တားပေးတယ်လို့နယူးယောက်မှအရေပြားအထူးကုဆရာဝန်
ကအကြံပြုထားပါတယ်။
အဆင့်(၂)-ညအိပ်ရာမ၀င်ခင်ရက်တီနောပါဝ်တဲ့လိုးရှင်းလိမ်းပေးပါကအသားအရေတင်း
ရင်းစေတဲ့ကိုလာဂျင်နဲ့အီလက်စတင်ထုတ်လုပ်မှုကိုကောင်းမွန်စေပါတယ်။
အဆင့်(၃)-
SPF 30ပါဝင်တဲ့နေရောင်ကာခရင်မ်ကိုနေ့စဉ်ပုံမှန်အသုံးပြုပါက
အရွယ်မတိုင်ခင်အရေးကြောင်းဖြစ်ပေါ်မှုကိုကာကွယ်နိုင်ပါတယ်။မျက်ဝန်းဘေးတစ်ဖက်တစ်ချက်စီမှာကျီးခြေထောက်အရေးအကြောင်းတွေ
တွေ့နေရပါကအသားအရေကိုရေဓာတ်ဖြည့်ပေးနိုင်တဲ့
အလှပြင်ပစ္စည်းတွေကိုသုံးစွဲပါ။အပြင်ထွက်တဲ့အခါနေကာမျက်မှန်တပ်ဆင်ပါ။

သက်ကြီးအစက်အပျောက်များကင်းဝေးစေရန်

အဆင့်(၁)-နေရောင်ကာခရင်မ်ကိုနေ့စဉ်ပုံမှန်လိမ်းပါ။နေရောင်ခြည်မှာပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်တွေနဲ့တစ်နှစ်ပတ်လုံး
ထိတွေ့နေတာကသင့်ရဲ့နုပျိုမှုတွေကိုဆုံးရှုံးမှုဖြစ်စေတတ်ပါတယ်။နေရောင်ခြည်ထိတွေ့မှုကအရေပြားမှာအမည်းစက်၊
အရေးကြောင်းနဲ့အသားအရောင်ညိုသွားတာတွေဖြစ်စေပါတယ်။
အဆင့်(၂)-နေရောင်ခြည်ကျရောက်မှုပြင်းတဲ့မနက် 10-နာရီကနေ ညနေ
4-နာရီအတွင်းအပြင်ထွက်တာကိုရှောင်ပါ။အပြင်ထွက်ခဲ့ရင်နေရောင်ကာ
ခရင်မ်လိမ်းတာ၊အင်္ကျီလက်ရှည်ဝတ်တာ၊ဦးထုပ် ဒါမှမဟုတ်ထီးဆောင်းတာတွေလုပ်ဆောင်ပါ။

သွားအရောင်စွန်းထင်းခြင်းမဖြစ်အောင်

အဆင့်(၁)-အစာစားပြီးဒါမှမဟုတ်သွားအရောင်စွန်းထင်းစေတဲ့အချိုရည်သောက်ပြီးရင်
ချက်ချင်းပလုတ်ကျင်းပါ။ကော်ဖီ၊၀ိုင်နီနဲ့ကိုလာတွေကသွားအရောင်
စွန်းထင်းစေတာကြောင့်သောက်ပြီးတဲ့အခါပလုတ်ကျင်းဖို့မမေ့ပါနဲ့။
အဆင့်(၂)-တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ။သွားကြားပွတ်ကြိုးအသုံးပြုပြီး
သွားကြားရှိစားကြွင်း၊စားကျန်များကိုဖယ်ရှားပါ။
သွားပိုးပေါက်ဖြစ်တာနဲ့သွားချေးဖတ်ဖြစ်ပေါ်မှုကိုကာကွယ်ပေးပြီး
သွားတွေဖြူဝင်းစေပါတယ်။သွားကြားပွတ်ကြိုးအသုံး
ပြုပြီးသန့်စင်တာကိုညအိပ်ရာမ၀င်မီလုပ်ဆောင်တာကအကောင်းဆုံးပါ။
အဆင့်(၃)-သွားမှာအရောင်တွေစွန်းထင်းနေပါကမုန့်ဖုတ်ဆော်ဒါနဲ့ညင်သာစွာပွတ်တိုက်ပြီးပလုပ်ကျင်းပေးပါ။

ချွေးပေါက်ကျယ်ခြင်းမှကင်းဝေးစေရန်

အဆင့်(၁)-မျက်နှာပေါ်မှာရှိတဲ့ချွေးပေါက်တွေရဲ့ဘေးပတ်လည်မှာရှိတဲ့ကိုလာဂျင်တွေ
လျော့နည်းသွားတဲ့အခါချွေးပေါက်ကျယ်တာတွေဖြစ်
လာပါတယ်။ရက်တီနောပါဝင်တဲ့ညလိမ်းခရင်မ်လိမ်းပါ။မျက်နှာမှာရှိတဲ့ပျက်စီးသွားတဲ့ဆဲလ်တွေကိုပြန်လည်ပြုပြင်ထိန်းသိမ်းပေး
တာကြောင့်ချွေးပေါက်ကျယ်တာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
အဆင့်(၂)-ကိုလာဂျင်ကိုသန်မာအောင်ပက်တိုက်ပါဝင်တဲ့အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးတာ၊ကိုလာဂျင်တွေပျက်စီးမှုမဖြစ်အောင်ခရမ်းလွန်ရောင်ခြည်ကို
ကာကွယ်ပေးနိုင်တဲ့ခရင်မ်လိမ်းပေးတာကချွေးပေါက်တွေကျဉ်းသွားစေပါတယ်။
အဆင့်(၃)-ဂလိုင်ကောလစ်အက်စစ်ပါဝင်တဲ့မျက်နှာကြေးချွတ်ဆေးနဲ့တစ်ပတ်
တစ်ကြိမ်လောက်ကြေးချွတ်ပေးပါ။ဆဲလ်သေတွေကိုဖယ်ရှားပေး
တာကြောင့်ချွေးပေါက်တွေမကျယ်အောင်ထိန်းသိမ်းပေးပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
(ကျန်းမာရေးစာတိုများ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)




Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်