ငါ ရပ်တန့်နေမိတယ်
မဆုံးဖြတ်တတ်လို့ပါ
ငါရှေ့က ချောက်ကမ်းပါးပဲ
ခုန်ချရမလား
ငါ့နောက်က ကမ္ဘားကိုပဲ
ခုန်ချရမှာလား မတွေးတတ်ဘူး..
မွန်းကျပ်နေတဲ့ ငါ့ရင်တွေက
ဝေခွဲမရဖြစ်နေသလိုပဲ
ရပ်ထားတဲ့ ငါ့ခြေထောက်တွေလဲ
မခိုင်မြဲတော့ဘူး ..
စိုးရိမ်စိတ်ကြောင့် ငါ့လက်ဖျားတွေ
အေးစက်နေခဲ့တယ်
နွေးထွေးပေးမယ့် လက်တစ်စုံတောင်
ငါ့နားမရှိခဲ့ဘူး
ငါ မမျှော်လင့်တော့ပါဘူး
ဖြစ်လေရာ ရောက်လေရာမှာ
ငါ နေသားတကျ နေတတ်ဖို့ပဲ
သင်ယူထားတော့မယ်
ဒါ .. ဘ၀က ပေးတဲ့သင်ခန်းစာမို့လေ။
လွမ်းဆုလေး (ခ) ဆုလေးနွယ်
ဘ၀က ပေးတဲ့သင်ခန်းစာ
Written By MyanmarChnnel@ on Thursday, November 14, 2013 | 7:55 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment