အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ခေါင်ဖူးလောကမာရဇိန်စေတီတော်မြတ်ကြီး

ခေါင်ဖူးလောကမာရဇိန်စေတီတော်မြတ်ကြီး

Written By MyanmarChnnel@ on Monday, November 18, 2013 | 8:06 PM


(သီရိဓမ္မာအာသောကမင်းကြီးတည်ထားကိုးကွယ်ခဲ့သောစေတီပေါင်းရှစ်သောင်းလေထောင်မှ ၂၅ ဆူမြောက် ခေါင်ဖူးလောကမာရဇိန်စေတီတော်မြတ်ကြီး )

ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်ပါပါတယ်.. ရောင်ခြည်တော်
လဲ မကြာခဏလွှတ်တဲ့ တန်ခိုးကြီးဘုရားတစ်ဆူပေါ့ မဖူးရသေးသူများအတွက် တင်ပေးလိုက်တာပါ ဘုရားကိုတော့ ရွှေချထားပါတယ် .. ခု ရွှေသင်္ကန်းကယ်လှူနေဆဲပါ။

ဘုရားဝင်တဲ့ မုခ် လေးခု ရှိပေမယ့် အနောက်ဘက်ကမုဒ်တစ်ခုပဲ ပါလာတယ် ဘုရားအောက်က ရေအိုင်လေးနဲ့ သဲသောင်ပြင်ရဲ့ ရှုခင်းတော့ နှစ်ပုံပါလာတယ် ဘုရားရဲ့ အရှေ့ဘက်ကပါ  ဘုရားငယ်လေးက တော့ ဗိုလ်ချုပ်ခင်ညွှန့်ထီးတော်တင်ပေးသွားတဲ့ အက်ကုရ်စေတီလေးပါ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတဲ့ စေတီသုံးပိုင်းထဲက  စေတီ အလယ်ပိုင်းကို ဌာပနာပြုပြီးတည်ထားတာပါ။ ရောက်ခဲ့ရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ခေါင်ဖူးလောကမာရဇိန် စေတီတော်မြတ်ကြီးတည်ရှိရာ နေရာကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ် ခေါင်ဖူးကျေးရွာမှာပါ


ဘုရားပုံတွေကို တင်ပေးလိုက်ပါတယ် ဖူးမြော်ကြည်ညိုနိုင်ပါစေ  

(၁)


ဒီပုံက တောင်အရပ်ကဖူးမြော်ရပုံပါ

(၂)

ဒီပုံတော်က အနောက်တောင်ထောင့်ဘက်ကပါ

 (၃)
 ဒါက အနောက်ဘက် တံခါးဝ မုခ် ပါ ကံဆိုးစွာ ကျန်တဲ့သုံးမုခ် မပါလာဘူး ဟင့် ရောက်မှ လိုက်ပို့မယ်နော်


(၄)

ဒါကတော့ မြေထဲကနေ ထိုးဖောက်ပြီး တက်လာတဲ့ အပိုကျောက်ပုံငယ်လေးပါ ဒီ ကျောက်ပုံငယ်လေးဟာ တမင်ထားတာမဟုတ်ပါဘူး သူ့ဘာသာ မြေထဲက ဖောက်ထွက်လာတာပါ နာတာရှည်ခေါင်းမူး ကိုက်တဲ့သူများ အနာရောဂါမပျောက်တဲ့သူများ အဓိဌာန်နဲ့ ပြုပြီး ဒီကျောက်ပုံလေးပေါ်ကိုလက်နဲ့ထိ ကိုယ်ပေါ်ကို သပ်ချရုံနဲ့ ပျောက်ပါတယ် လက်တွေ့ပါ ဒါက အရှေ့ဘက်မှာ ရှိတာပါ

(၅)
 ဒီပုံက ဗိုလ်ချုပ်ဟောင်းခင်ညွှန့်ကိုယ်တိုင် ထီးတော်တင်သွားတဲ့ စေတီလေးပါ ဌာပနာ အဖြစ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော အလယ်ပိုင်း စေတီကို ငုံပြိးတည်ထားတာပါ ၂၀၁၁ ခုနှစ်က ထီးတော်တင်ခဲ့ပါတယ်

(၆)
ဒါက ဘုရားအထက်က ဘုရားရေကန်နဲ့လမ်း သဲသောင်ပြင်ရှုခင်းပုံပါ 

(၇)
ဒီပုံလေးက ဘုရား အထက်လမ်းကပါ ရေကန်က ရေဟာ ဘယ်တော့မှ မခန်းပါဘူး ဒီရေကန်အောက်မှာ လှိုဏ်ခေါင်းရှိတယ် ပုင်္ဂကို ရေလမ်းပေါက်တယ်တဲ့ ဟုတ်မဟုတ်တော့ မသိဘူး ရှေးလူကြီးတွေ ပြောပြတာပါ ဟိုဘက်က တောတန်းစိမ်းလေးက ရွာသစ်ပါ မှတ်ထားနော်

လွမ်းဆုလေး(ခ)ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်