အခုရက်ပိုင်း ရန်ကုန်မြို့ မှာတောင် ညနေခင်းတွေ၊ မနက်ခင်းတွေမှာ အအေးဓာတ်လေးတွေကို ခံစားနေရပြီဆိုတော့ နယ်မြို့  တွေမှာတော့ အအေးဓာတ်ကိုသိသိသာသာ ရနေလောက်ပြီ။ ညနေခင်းတွေမှာ ၆ နာရီလောက်ဆိုရင် အလင်းရောင်ပြောက်ပြီး မှောင်နေပါပြီ။ ဒါဆိုရင်တော့ ဆောင်းဝင်နေပြီပေါ့။ ဆောင်းဝင်ပြီဆိုတာကို ဒီလို ရာသီဥတု အခြေအနေတွေကနေပဲ သိရတာတော့မဟုတ်ပါဘူး။ ဒီရက်ပိုင်း လူတော်တော်များများ ဆီက လည်ပင်းနာတယ်၊ ချောင်းဆိုးတယ်၊ နှာစီးတယ် စတဲ့ အသံလေးတွေကြားနေရပါတယ်။ ဒါတွေဟာ ရာသီဥတုအပြောင်းအလဲတွေရဲ့ လက္ခဏာတွေပါပဲ။
" အလွန်အေးတဲ့ ရာသီ၊ အလွန်ချမ်းတဲ့ရာသီ မယ်တစ်ရွာမောင်တစ်မြို့ တော့နေလို့ လဲမဖြစ်နိုင်ပါပြီ။ " စတဲ့သီချင်းလေးတွေ နဲ့  ဆောင်းရာသီဟာ လွမ်းမောစရာကောင်းလှပါတယ်။ မနက်စောစောတောင်ကုန်းတွေပေါ်မှာ မြူတွေအုပ်ဆိုင်းနေတဲ့ကြားက ထွက်ပေါ်လာတဲ့ နေမင်းကြီးရဲ့ အလှ၊ အမေနဲ့ ကျွန်မ လမ်းလျှောက်ပြီးအပြန် ၀ယ်လာတဲ့ ကောက်ညှင်းပေါင်းပူပူ နဲ့ အကြော်စုံ၊ ချမ်းချမ်းအေးအေးကြားထဲက တန်ဆောင်တိုင်ပွဲတော်၊ သူငယ်ချင်းတွေနဲ့ အတူတူတစ်ယောက်တစ်ပေါက် အော်ဟစ်ပြေးလွှားပြီး ကျူရှင်တက်ခဲ့ရတဲ့ ဆောင်းမနက်ခင်းတွေ၊ မီးလှုံရင်းစာကျက်ရင်း စားခဲ့ရတဲ့ ပြောင်းဖူးဖုတ်၊ ကန်စွန်းဥဖုတ်တွေ ကို ဆောင်းရာသီ ရောက်လာတိုင်း ကျွန်မလွမ်းမိပါတယ်။ ခရီးတွေလဲခဏခဏ ထွက်ရတဲ့ ကျွန်မ ရာသီဥတုပူပြင်းခြောက်သွေ့ တဲ့ဒေသတွေထက် ရှမ်းပြည်နယ်၊ ကယား ပြည်နယ်တွေလိုမျိုး အေးတဲ့ဒေသတွေကို ပိုသဘောကျပါတယ်။ ရာသီဥတုမှာဆိုရင်လဲ နွေရာသီတွေ၊ မိုးရာသီတွေထက် ဆောင်းရာသီကတော့ အလုပ်လုပ်ရတာ၊ သွားရလာရ နေရထိုင်ရတာတွေလဲ ပိုပြီးသက်တောင့်သက်သာရှိပါတယ်။
၁။ လည်ပင်းနာခြင်း
ဆောင်းရာသီမှာ ရာသီဥတုအပြောင်းအလဲတွေကြောင့် အဖြစ်များတာကတော့ လည်ပင်းနာခြင်းတွေပါပဲ။ ရာသီဥတု ပူတဲ့ ဒေသကနေ အရမ်းအေးတဲ့ ဒေသကို ခရီးထွက်တာမျိုး၊ အနွေးဓာတ်ပေးထားတဲ့ အိမ်ထဲနဲ့  အအေးဓာတ်လွန်ကဲတဲ့ အပြင်ဘက်ကို မကြာခဏ အ၀င်အထွက်လုပ်တာမျိုး၊ ကိုယ့်ဒေသရဲ့ ရာသီဥတု အပူချိန် ရုတ်တရက်ပြောင်းလဲ သွားတာမျိုး တွေကြောင့် ဗိုင်းရပ်စ်ပိုးတွေပေါက်ဖွါးပြီ
၂။ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
လေးဖက်နာရောဂါ၊ ဂေါက်ရောဂါ၊ အရိုးပွ အဆစ်ရောင်နာ စတဲ့ အရိုးအဆစ်ရောဂါ ရှိတဲ့လူတွေသာမက အရိုးအဆစ်တွေမှာ ဒဏ်ဖြစ်ဖူးတဲ့ လူတွေမှာပါ ဆောင်းတွင်းရောက်ပြီဆိုရင် အအေးဓာတ်ကြောင့် နာကျင်ကိုက်ခဲမှုတွေကို ကြုံတွေ့ ရနိုင်ပါတယ်။ ဒီလိုကိုက်ခဲမှုတွေဖြစ်နေတယ်ဆို
၃။ အသားခြောက်ခြင်း၊ ကွဲခြင်း
ဆောင်းရာသီမှာ ပြင်ပမှာရှိတဲ့ ရာသီဥတုကိုယ်တိုင်က ရေဓာတ်နည်းပါးပြီခြောက်သွေ့ နေတဲ့အတွက် ကျွန်မတို့  ရဲ့အသားအရေတွေဟာခြောက်သွေ့  ကြမ်းတမ်းလာနိုင်ပါတယ်။ အရမ်းကိုခြောက်လာပြီဆိုရင်တော့ အသားပတ်ခြင်း၊ ကွဲခြင်းတွေပါဖြစ်လာနိုင်ပါတယ်။
၎။ နှုတ်ခမ်းကွဲခြင်း
နှုတ်ခမ်းကွဲခြင်းဆိုတာဟာလဲ အသားအရေ ခြောက်ခြင်း၊ ကွဲခြင်းတွေလိုပါပဲ ပြင်ပ ရာသီဥတုမှာ ရေဓာတ်နည်းပါးပြီး ခြောက်သွေ့  နေတဲ့ အတွက် ကျွန်မတို့ နှုတ်ခမ်းတွေဟာ လည်းခြောက်သွေ့ တင်းမာလာပြီး တဖြည်းဖြည်းကွဲအက်လာတာပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်၊ အရည်ရွှမ်းတဲ့အသီးအနှံတွေစားခြင်
၅။ ရင်ကျပ်ခြင်း
ရင်ကျပ်ရောဂါရှိတဲ့လူတွေ၊ အသက်ရှူလမ်းကြောင်း မှာရောဂါတစ်ခုခုရှိတဲ့ လူတွေအတွက် အေးစက်တဲ့ ဆောင်းလေဟာ ပြဿနာတစ်ခုပါပဲ။ အေးလာပြီဆိုတာနဲ့ ချောင်းဆိုးတာတွေ၊ အသက်ရှူကျပ်တာတွေ၊ ရင်ကျပ်တာတွေ စဖြစ်လာပါတော့မယ်။ ဒါကြောင့် ရင်ကျပ်တတ်တဲ့လူတွေ၊ အဆုတ်နဲ့  အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတစ်ခုခုဖြစ်ဖူးတဲ့လ
၆။ အအေးမိ ဖျားနာခြင်း
ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်းတွေက အေးစက် ခြောက်သွေ့ တဲ့ရာသီဥတုတွေမှာ ပေါက်ဖွါးတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ ကြောင့်ပါ။ ဒါကြောင့် ဆောင်းရာသီမှာ ရာသီဥတုအေးလွန်းလို့ ရေမကိုင်ချင်ဘူးဆိုတာမှန်ပေမယ်
ကျွန်မအထက်မှာ ဖော်ပြပေးတဲ့ ရောဂါတွေက အအေးဓာတ်ကြောင့်၊ ရာသီဥတုခြောက်သွေ့ ခြင်းတွေကြောင့် ဆောင်းရာသီမှာ အဖြစ်များတဲ့ရောဂါတွေပါ။ ဒီလိုရောဂါတွေ မဖြစ်ရအောင်၊ ဆောင်းရာသီကို သက်တောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်အောင်၊ ဆောင်းတွင်း ရဲ့အေးမြလှပမှုတွေကို ပြည့်ပြည့်၀၀ခံစားနိုင်အောင် ကျွန်မတို့ ကာကွယ်မှုတွေပြုလုပ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဘယ်လို နေထိုင်၊ စားသောက်မှုတွေ ပြုလုပ်ရမယ်ဆိုတဲ့ အကြောင်းလေးကိုလည်း အနည်းငယ်ဖြည့်စွက်ပါရစေ။
၁။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ နို့ ထွက်ပစ္စည်းတွေ များများစားပါ။
အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သက်စောင့်ဓာတ်တွေ၊ ဓာတ်တိုးဆန့်  ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက် နာမကျန်းဖြစ်စေတဲ့ ပိုးမွှားတွေရဲ့ရန်ကနေကာကွယ်နိုင
၂။ အိပ်စက်ခြင်း နဲ့ အားကစားလှုပ်ရှားမှုတွေအတွက် အချိန်ပိုပေးပါ။
ဆောင်းရာသီမှာ အားကစားလှုပ်ရှားမှုတွေပြုလုပ်ရ
၃။ ဟင်းခတ်အမွှေးအကြိုင်များများဖြင
ကျွန်မတို့ ဟင်းချက်တဲ့နေရာမှာသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဓာတ်သဘာဝတွေပါပါတယ်။ ဥပမာ။ သစ်ကြမ်းပိုးခေါက်တွေဟာ အစာခြေစနစ်ကိုကောင်းမွန်စေပြီး နှာရည်ယို၊ နှာပိတ်ခြင်းတွေကိုလည်း သက်သာစေပါတယ်။ ဇာတိပ္ဖိုလ်သီး ဟာ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုတွေကိ
၎။ အရည်များများသောက်ပါ။
ကျွန်မ အထက်မှာပြောခဲ့ သလိုပါပဲ ဆောင်းရာသီမှာ ပတ်ဝန်းကျင်လေထုကိုယ်တိုင်က အေးစက်ခြောက်သွေ့ နေတဲ့အတွက် မိမိတို့  ခန္ဓာကိုယ် ကိုလည်းရေဓာတ်ခြောက်သွေ့ ခြင်းတွေကနေ ကာကွယ်ဖို့ အရည်တွေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Alcohol မပါပဲ ရေဓာတ်များများပါတဲ့ အရည်တွေကို များများသောက်ပေးသင့်ပါတယ်။ ရေ ကတော့ အကောင်းဆုံးဖြစ်ပေမယ့် လက်ဖက်စိမ်းဖျော်ရည် တွေဟာလည်း ဓာတ်တိုးဆန့် ကျင်ဂုဏ်သတ္တိရှိတဲ့ အပြင် အဆီလည်းကျစေတဲ့အတွက် သောက်ပေးသင့်ပါတယ်။
ဒါတွေတင်မကသေးပါဘူးဆောင်းရာသီမှ
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ဆောင်းရာသီမှာ ပတ်ဝန်းကျင်ရာသီဥတုလေးက အေးမြလှပပြီး သက်တောင့်သက်သာရှိလှတယ်။ ကျွန်မတို့  ခရီးတွေထွက်ဖို့ ၊ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ အတွက် အရမ်းကို အဆင်ပြေတဲ့ အချိန်ကာလလေးတစ်ခုလည်းဖြစ်ပါတယ်
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
(ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု မှပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment