နင်ထင်သလိုပဲပေါ့
ဟုတ်တယ် ....
ငါ နင့်ကိုမချစ်ဘူး ဟန်ဆောင်ခဲ့တာ
ငါ နင့်ကို မလွမ်းဘူး တမင်လုပ်တာ
ငါ နင့်ကို မတမ်းတဘူး လိမ်ညာခဲ့တာ
ငါ နင့်ကို နားလည်မပေးနိုင်ဘူး ငါ မှ မချစ်ခဲ့တာ
ငါ နင့်ကို မနွေးထွေးနိုင်ဘူး ငါ အေးစက်နေလို့
ငါ နင့်ကို မုန်းတယ် သိလား
အဲစကားလုံးတွေကို နင် မို့ပြောရက်တာ
ငါ့ရင်ထဲက စကားလုံးတွေ
သွေးရဲရဲနဲ့ သွေးမြစ်ဖြစ်နေခဲ့တာ နင်မှမမြင်ပဲ
နင့်စကားလုံးတိုင်းအောက် ငါ နှလုံးသားက မျက်ရည်တွေ
သွေး အဖြစ်ပြောင်းလဲ ကျဆင်းနေတာ နင်မှ မတွေ့ရပဲ
ငါ လက်ခံပေးတယ်
ငါ နင့်ကို မချစ်ဘူးဆိုတာကိုပေါ့
ငါ မရှိရင် နင်မလွမ်းဘူးလို့ ကတိပေးရင်
ငါ ထွက်သွားပေးမယ်
နင် တကယ်ရပ်တည်နိုင်ပြီလား ။
ငါ နင့်ကို အရမ်းချစ်တယ်ဆိုတာ
နင်သိလာတဲ့တစ်နေ့
ငါ နင့်နားမှာ ရှိနေချိန်လေးသာ ဖြစ်ပါစေလို့
ငါ့ကိုယ်တိုင်ပဲ ဆုတောင်းပါတယ်
နင် ချစ်တာကို တွေ့နိုင်မယ့် တစ်နေ့ ပေါ့
လွမ်းဆုလေး(ခ) ဆုလေးနွယ်
နင့်ကို မုန်းတယ် သိ လား
Written By MyanmarChnnel@ on Sunday, November 10, 2013 | 9:08 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment