အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အရိုးပွရောဂါနှင့် Dexa Scan

အရိုးပွရောဂါနှင့် Dexa Scan

Written By MyanmarChnnel@ on Sunday, November 10, 2013 | 8:40 PM

Dexa Scan (ဒတ်ဇာစကန်) ကို အရိုးများ၏ သိပ်သည်းမှု (density) တိုင်းတာရာတွင် အသုံးပြုသည်။

Dexa Scan ရိုက်ခြင်းသည် ရင်ဘတ်ဓာတ်မှန် (Chest X ray), တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်းများကဲ့သို့ပင် နာကျင်မှုတစ်စုံတစ်ရာမရှိပါ။ အချိန်အားဖြင့် မိနစ် ၂၀ ခန့်သာ ကြာပါသည်။ ခါးနောက်ကျောပိုင်း အရိုးများ၊ တင်ပဆုံရိုးများနှင့် တစ်ခါတစ်ရံ လက်ဖျံရိုးများကို Scan ဖတ်ရပါသည်။ ၎င်းအရိုးများသည် အရိုးပွရောဂါရှိပါက ကျိုးလွယ်သောအရိုးများဖြစ်သောကြောင့် အရိုး သိပ်သည်းဆနည်းနေပြီလား၊ အရိုးပါးရောဂါရှိနေပြီလား၊ အရိုးပွရောဂါရှိနေပြီလား စသည်တို့ကို Dexa Scan ရိုက်ခြင်းဖြင့် သိရှိနိုင်ပါသည်။ အရိုးပွရောဂါရှိနေပါက ခန္ဓာကိုယ်ရှိ အရိုးများသည် သန်မာခြင်းမရှိတော့ဘဲ အနည်းငယ်ထိခိုက်မိရုံဖြင့် ကွဲအက်ကျိုးကြေသွားနိုင်ပါသည်။ အရိုးပွရောဂါသည် ကြိုတင်သိရှိနိုင်သော ထင်သာမြင်သာသည့် ရောဂါလက္ခဏာ ပြသလေ့မရှိပါ။ အများအားဖြင့် သာမန်ထိမိခိုက်မိ၊ ချော်လဲမိ၍ အလွယ်တကူ အရိုးကျိုးသောအခါမှသာ အရိုးပွရောဂါရှိကြောင်း သိရှိတတ်ကြပါသည်။ Dexa Scan ရိုက်၍ ကျန်းမာရေး စစ်ဆေးခြင်းအားဖြင့် အရိုးပွရောဂါ ရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်တို့ကို ကြိုတင်သိရှိနိုင်ပြီး ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်းအားဖြင့် မလိုအပ်ဘဲ အရိုးကျိုးခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။


အရိုးပွရောဂါဖြစ်ပွားပါက အလွန်တရာ သိသာမြင်သာသည့် ရောဂါလက္ခဏာများ မရှိသော်လည်း အောက်ပါအခြေအနေများသည် အရိုးပွရောဂါဖြစ်နိုင်သောခြေ မြင့်မားသောအခြေအနေများဖြစ်ပါသည်။
(၁) သာမန်၊ မပြင်းထန်သော ထိခိုက်မှုများကြောင့် အရိုးကျိုးခြင်း
(၂) အသက် (၅၀) ကျော်ခြင်း
(၃) အမျိုးသမီးများတွင် အသက် (၄၅) နှစ်မတိုင်ခင် သွေးဆုံးခြင်း
(၄) ကော်တီကိုစတီးရွိုက် (Corticosteriod) ဆေးဝါးများ ရေရှည်သုံးစွဲနေရသူ ဖြစ်ခြင်း
(၅) မိဘမျိုးရိုးအတွင်း အရိုးပွရောဂါကြောင့် အရိုးကျိုးဖူးသူရှိခြင်း
(၆) ခန္ဓာကိုယ်အတွင်း Calcium နှင့် Vitamin ဓာတ်များချို့တဲ့ခြင်း
သင့်တွင် အရိုးပွရောဂါ ဖြစ်နိုင်ချေတစ်ခုခုရှိပါက Dexa Scan ရိုက်ကြည့်ခြင်းဖြင့် အရိုးပွရောဂါ ရှိ/မရှိ၊ ဖြစ်နိုင်/မဖြစ်နိုင်ကို တိတိကျကျ သေသေချာချာ သိရှိနိုင်ပါသည်။

Dexa Scan ရိုက်ခြင်းဖြင့် ရရှိလာသော ရလဒ်များကို T-score ဖြင့် အဖြေထုတ်ပေးပါသည်။T-score သည် Dexa Scan ရိုက်သူ၏ အရိုးသိပ်သည်းဆနှင့် ကျန်းမာသောသူ၏ အရိုးသိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြချက်ဖြစ်ပါသည်။

T-score ရလဒ်များ၏ အဓိပ္ပာယ်မှာ -T-score သည်
ဝ နှင့် -၁ ကြားဖြစ်ပါက အရိုးပွရောဂါအန္တရာယ်မရှိပါ။
-၁ နှင့် -၂.၅ ကြားဖြစ်ပါက အရိုးသိပ်သည်းမှုသည် ပုံမှန်ထက်လျော့နည်းနေပြီး
မကြာမီအရိုးပွရောဂါ ဖြစ်လာနိုင်ပါသည်။
-၂.၅ ထက် နည်းနေပါက အရိုးပွရောဂါ ရှိနေပြီဖြစ်သောကြောင့် ဆရာဝန်နှင့် ချက်ချင်းပြသပြီး ကုသမှု ခံယူသင့်ပါသည်။

အရိုးသိပ်သည်းမှု အားနည်းပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေရှိပါက အရိုးများ ပြန်လည်သန်စွမ်းစေရန် အတွက် အောက်ပါအခြေခံအချက်များကို ပြုလုပ်သင့်ပါသည်။
(၁) ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများစားပါ။
ဥပမာ- နို့နှင့် နို့ထွက်ပစ္စည်းများ၊
အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ
(၂) ဗီတာမင်ဒီ ကြွယ်ဝသောအစားအစာများ စားပါ။
ဗီတာမင်ဒီသည် ကယ်လ်စီယမ်စုပ်ယူမှုတွင် မရှိမဖြစ်လိုအပ်ပါသည်။
ဥပမာ- နို့၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ။
(၃) အရိုးတည်ဆောက်ဖွံ့ဖြိုးမှုကို အားပေးသောလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
ဥပမာ- အေရိုးဗစ်ကစားခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း၊
သစ်ပင်စိုက်ပျိုးခြင်း၊ လမ်းလျှောက်ခြင်း၊ ဂေါ့ဖ်ရိုက်ခြင်း။
(၄) ဆေးလိပ်ဖြတ်ပါ။
(၅) အရက်ဖြတ်ပါ။

အရိုးများပြန်လည်သန်စွမ်းစေရန်အတွက် အခြေခံအချက်များကို လိုက်နာကျင့်သုံးရမည့်အပြင်လိုအပ်သောဆေးဝါးများနှင့် အသေးစိတ်အချက်အလက်များအား တတ်ကျွမ်းနားလည်သော ဆရာဝန်ကြီးများ နှင့် တိုင်ပင်ဆွေးနွေးရပါမည်။

၎င်းနောက် တစ်နှစ်ခြား သို့မဟုတ် နှစ်နှစ်ခြားခန့်တွင် Dexa Scan များ ရိုက်ကြည့်ခြင်းအားဖြင့် အရိုးသိပ်သည်းဆတိုးတက်လာမှု သို့မဟုတ် လျော့နည်းသွားမှုကို သိရှိနိုင်မည်ဖြစ်ပါသည်။
Dr. Thant Zaw
(ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်