ငါ့ကို ချစ်တဲ့သူမရှိတာမဟုတ်ပါဘူး
ငါ ချစ်တာ နင်ဖြစ်နေလို့ပါ ။
ငါ့ကို မျှော်လင့်တဲ့သူ မရှိတာမဟုတ်ပါဘူး
ငါ မျှော်လင့်တာ နင်တစ်ယောက်ပဲဖြစ်နေလို့ပါ။
ငါ့ကို ပျော်အောင်ထားချင်တဲ့သူတွေ မရှိတာမဟုတ်ပါဘူး
ငါ့ကိုပျော်အောင် လုပ်ပေးစေချင်တာ နင်ဖြစ်နေလို့ပါ။
ငါ့ကို ဂရုမစိုက်တဲ့သူ မရှိတာမဟုတ်ပါဘူး
ငါ နင့်ဆီက ဂရုစိုက်မှုကို လိုချင်လို့ပါ။
ငါ့ကို မလွမ်းတဲ့သူ မရှိတာ မဟုတ်ပါဘူး
ငါ လွမ်းတာ နင်တစ်ယောက်ထဲသာ ဖြစ်နေလို့ပါ ။
လွမ်းဆုလေး

0 comments:
Post a Comment