ငါ ကြိုးစားပါအုံးမယ်
မတူညီတဲ့ ငါတို့နှစ်ယောက်ရဲ့ခံယူချက်တွေနဲ့
ထပ်တူမကျနိုင်တဲ့ အတွေးတွေကို
တစ်ထေရာတည်းဖြစ်ဖို့အတွက်ပေါ့။
မညီညာတဲ့ အသွင်နှစ်ခုက
ပြန်ညှိလို့မရနိုင်တော့မှာကိုတော့
ငါ လန့်နေသလိုပဲ။
အစအဆုံးမရှိတဲ့ အရာတစ်ခုလို
လွှင့်မျောနေတဲ့ ငါ့စိတ်တွေက
ညီမျှအောင်တော့ မပေါင်းစပ်တတ်ခဲ့ဘူး။
နားလည်မှုတွေ ဘယ်ထိများလည်း
ကြာလာခဲ့ရင် အပြစ်မြင်လာမှာပဲ
ဒါကိုသိရက် ပြုပြင်မရတဲ့
ဒီစိတ်တွေကြောင့်
ငါ ....... ရင်မောတယ်။
လွမ်းဆုလေး
မတူညီတဲ့ ငါတို့နှစ်ယောက်ရဲ့ခံယူချက်တွေနဲ့
ထပ်တူမကျနိုင်တဲ့ အတွေးတွေကို
တစ်ထေရာတည်းဖြစ်ဖို့အတွက်ပေါ့။
မညီညာတဲ့ အသွင်နှစ်ခုက
ပြန်ညှိလို့မရနိုင်တော့မှာကိုတော့
ငါ လန့်နေသလိုပဲ။
အစအဆုံးမရှိတဲ့ အရာတစ်ခုလို
လွှင့်မျောနေတဲ့ ငါ့စိတ်တွေက
ညီမျှအောင်တော့ မပေါင်းစပ်တတ်ခဲ့ဘူး။
နားလည်မှုတွေ ဘယ်ထိများလည်း
ကြာလာခဲ့ရင် အပြစ်မြင်လာမှာပဲ
ဒါကိုသိရက် ပြုပြင်မရတဲ့
ဒီစိတ်တွေကြောင့်
ငါ ....... ရင်မောတယ်။
လွမ်းဆုလေး
0 comments:
Post a Comment