မပြောပြနိုင်ခဲ့ဘူး
ဒီအလွမ်းတွေကိုပေါ့
နေရာအချိန်ရာသီမရွေး
မင်းသိမ်းပိုက်ထားတဲ့
ငါ့နှလုံးသားပလ္လင်ထက်မှာ
အလွမ်းတွေ တစ်သီကြီးနဲ့
ငါ လွမ်းနေမိတယ်။
မပြောင်းနိုင်တဲ့ နေ့ညတွေ
ရက်လတွေနဲ့အတူ
မင်းကိုလွမ်းတဲ့ ငါ့အလွမ်းတွေက
တစ်နေ့ထက်တစ်နေ့
ပိုတိုးလာခဲ့တယ်။
ခံစားမှု ပင်လယ်ထဲမှာ
သမုဒယလှေလေးလှော်ရင်းနဲ့
မေတ္တာပင်ထက်က အချစ်ပန်းကို
သစ္စာလက်တွေနဲ့ ခူးရင်း
မနက်ဖြန်ဆိုတာ မကုန်နိုင်သေးသမျှ
ငါ လွမ်းနေအုံးမယ် ။
လွမ်းဆုလေး
ဒီအလွမ်းတွေကိုပေါ့
နေရာအချိန်ရာသီမရွေး
မင်းသိမ်းပိုက်ထားတဲ့
ငါ့နှလုံးသားပလ္လင်ထက်မှာ
အလွမ်းတွေ တစ်သီကြီးနဲ့
ငါ လွမ်းနေမိတယ်။
မပြောင်းနိုင်တဲ့ နေ့ညတွေ
ရက်လတွေနဲ့အတူ
မင်းကိုလွမ်းတဲ့ ငါ့အလွမ်းတွေက
တစ်နေ့ထက်တစ်နေ့
ပိုတိုးလာခဲ့တယ်။
ခံစားမှု ပင်လယ်ထဲမှာ
သမုဒယလှေလေးလှော်ရင်းနဲ့
မေတ္တာပင်ထက်က အချစ်ပန်းကို
သစ္စာလက်တွေနဲ့ ခူးရင်း
မနက်ဖြန်ဆိုတာ မကုန်နိုင်သေးသမျှ
ငါ လွမ်းနေအုံးမယ် ။
လွမ်းဆုလေး
0 comments:
Post a Comment