မင်းအပေါ် အမုန်းဆိုတာ လျော့ပါးလာခဲ့တယ်
သူတစ်ပါးတွေအမြင်မှာ
နင်ပြုလုပ်သမျှ ဆိုးတယ်ထင်လဲ
ငါ့အတွက်တော့ ကလေးဆိုးတစ်ယောက်လိုပါပဲ။
နင်ပြောသမျှ သူများအတွက်
မုန်းချင်စရာကောင်းစရာလို့ ပြောပေမယ့်လဲ
ငါ့အတွက်တော့ ဆည်းလည်းသံလေးလို
ချိုမြိန်နေဆဲပါပဲ။
သူများမျက်လုံးထဲမှာ နင်ဟာ
မင်းကုသလို ရုပ်ဆိုးနေပေမယ့်လဲ
ငါ့အတွက်တော့ မင်းဟာ ပဒုမ္မာ မင်းသားလိုပဲ
ချောမောနေတယ်။
အချစ်ဆိုတဲ့ မျက်လုံးနဲ့ ငါမင်းကိုကြည့်လေတိုင်း
နင်ဟာ အားလုံးထဲမှာ ငါ အချစ်ဆုံး
ငါ့အတွက် အလှဆုံး အချောဆုံး ဖြစ်နေတာတော့
ငါ ၀န်ခံပါတယ်။
ငါသိပ်ချစ်မိတော့ နင် ပြုသမျှကိုလဲ
အပြုံးမပျက်ခွင့်လွှတ်တတ်လာခဲ့တယ
ငါ့အတွက်တော့ နင်ဟာ
ငါ့နှလုံးသားရဲ့ ပြည့်ရှင်မင်းတစ်ပါးပါ ချစ်သူရယ်.... ။
လွမ်းဆုလေး (ခ) ဆုလေးနွယ်
0 comments:
Post a Comment