အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Registry Editor ကိုလေ့လာခြင်း

Registry Editor ကိုလေ့လာခြင်း

Written By MyanmarChnnel@ on Tuesday, November 12, 2013 | 4:27 AM



++----------------------------++

Registry Editor ၌ လုပ်ဆောင်ချက်အခန်းကြီး ၅ခန်းရှိပါသည်။လည်ကောင်တို့မှာ

HKEY-CLASSES-ROOT
HKEY-CURRENT-USER
HKEY-LOCAL-MACHINE
HKEY-USERS
HKEY-CURRENT-CONFIG

HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။

HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။အဲဒီ User တစ်ယောက်ချင်း စီက သတ်မှတ်ထားတဲ့ Perference တွေကိုHKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။

HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာအချက်အလက်တွေကို သိမ်း ထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ် လိုက်သမျှ ကို သိမ်းထားပါတယ်။

HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့အကြောင်း အရာ ကို သိမ်း ထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲကတစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Valuesတွေကို သိမ်းထားပါတယ်။

HKEY-CURRENT-CONFIG
ဒီကောင်ကplug&playကိုကိုင်တွယ်ထားပြီးကွန်ပြူတာတစ်လုံးရဲ့currentconfiguration တွေအကြောင်းအ ကုန်ပါဝင်နေပါတယ်။ ဥပမာ -dockingstation တစ်ခုရဲ့ setting တွေပေါ့။ ဒီ key ဟာHKEY_LOCAL_ MACHINE\ Config keyတွေရဲ့ configuration keyပေါင်းမြောက်များစွာထဲက pointer လေးတစ်ခုပါ။

configuration key(ဥပမာ -0001) ထဲမှာချိတ်ဆက်ထားတဲ့ hardware တွေရဲ့ currentconfigurationအကြောင်းတွေပါဝင်ပါတယ်။

Registry Editor လုပ်ငန်စဉ်များသည့် မှားယွင်းလုပ်ဆောင်မှုများကို လက်မခံပါ။ Registry ကို အဓိကထိန်းချုပ်မှုစနစ်မှာ 0 or 1 ဖြစ်ပါသည်။

0 သည်ပုံမှန် Yes, Enable,Default,Show ဖြစ်၍

1 သည် No, Disable,Change(Remove),Hide ဖြစ်ကြပါသည်။

Registry သည် အဆိုပါ 0 or 1 ကို Value(တန်ဖိုး)အဖြစ် နားလည်ထားပါသည်။


မိမိထည့်သွင်းခြင်း-ပြုပြင်ခြင်းများ၏ အချက်အလက်များကို ထိန်းချုပ်ပေးသည်ကတော့ Data Typeဖြစ်ပြီး အသုံးပြုရန်ကတော့ Master Subkey(eg; Policies) အပေါ်၌ Right Click နှိပ်ပီ အသုံးပြုနိုင်ပါ သည်။
 အားလုံးအဆင်ပြေပါစေ.......။အားလုံးအဆင်ပြေပါစေ.......။ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>(လွမ်းဆောင်း)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်