အပင်ထွက်ဒြပ်ပေါင်းများ
- Giloin
- Tinosporin
- Gilosterol
- Berberine
- Starch
- Tinosporaside
- Tinosporidine
- Alkaloid
သွေးတိုးကျ အာနိသင် တွေ့ရှိချက်
ဆေးဝါးအဖြစ် အသုံးပြုရာမှာ အနွယ်နဲ့ ပင်စည်ရိုးတံများကို ဆေးချိန် ပမာဏ၊
ဆေးညွှန်းအတိုင်းသောက် သုံးပေးရပါတယ်။ ဆေးသိပ္ပံပညာရှင် များရဲ့
သုတေသနပြုချက်များအရ ဆင်တုံးမနွယ်ပင်တွင် ပါဝင်သော အပင်ထွက်ဒြပ်ပေါင်းများ
(Phytochemicals)ဟာ ခန္ဓာကိုယ်အတွင်း သွေး လွှတ်ကြောနံရံများ တောင့်တင်းနေ
မှုကို ပြေလျော့ပေးစေကာ သွေးကြော ငယ်များ ကျယ်လာစေတဲ့ အာနိသင်
ရှိကြောင်းသိရပါတယ်။ သွေးဖိအား ပမာဏကို ကျဆင်းစေသောကြောင့်
သွေးတိုးရောဂါအတွက် အကျိုးရှိစေ ကြောင်းပင် ဖြစ်ပေသည်ဟု အဆိုပါ စာတမ်းတွင်
ဖော်ပြထားပါတယ်။ Anti-inflammatory Action ရောင်
ရမ်းမှုကိုလည်းသက်သာစေနိုင်ပါတယ်။ ဆီးရွှင်စေသော အာနိသင် (Mild Diuretic
Action)လည်း ရှိသည့် အတွက်အားဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံ နေတဲ့
အငန်ဓာတ်များကို ဆီးလမ်း ကြောင်းများမှတစ်ဆင့် ထုတ်ပေးခြင်း
ဖြင့်သွေးတိုးကိုသက်သာစေနိုင်ပါတယ်။ သွေးတိုးဝေဒနာရှင်များအတွက် ဆင်
တုံးမနွယ်ကို အသုံးပြုရာတွင် ဆေးချိန် ပမာဏအတိုင်း သောက်သုံးရန် လို
အပ်ပါတယ်။ တစ်ကြိမ်သောက်လျှင် ဆေးမှုန့် ၄ ပဲသား (၆၃ ဂရမ်)ကို
တစ်ကြိမ်သောက်ပေးရမှာဖြစ်ပါတယ်။ လေးနာရီခြား၍ တစ်နေ့လေးကြိမ်ခန့်
သောက်ပေးရမှာဖြစ်ပါတယ်။
Ref: - Ministry of Health Department of Traditional Medicine Commonly Used Herbal Plants. Herbal Manual By Harold Ward.
(ကျန်းမာရေးစာတိုများ စုစည်ထားမှုမှ ပြန်ကူကူးယူမျှဝေပါသည်။)
Home »
ကျန်းမာရေး
» ဆင်တုံးမနွယ် (Tinospora Cordifolia)
ဆင်တုံးမနွယ် (Tinospora Cordifolia)
Written By MyanmarChnnel@ on Saturday, October 26, 2013 | 7:24 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
ကျန်းမာရေး
0 comments:
Post a Comment