အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မေမေ

မေမေ

Written By MyanmarChnnel@ on Saturday, October 26, 2013 | 7:18 PM


အချိန်ရာသီတွေ အလီလီပြောင်းလဲ
မေမေပုံရိပ်တွေက သား ရင်ထဲမှာ
မနေ့က လိုပါပဲမေမေ...
ဘ၀ခရီးလမ်းအတွက်
မြို့ပြရင်ခွင်ရောက်လဲ
မေမေ့ရင်ခွင်လောက် မအေးမြပါဘူး။

တိုက်ကြီးတာကြီး
တခမ်းတနားနဲ့ နေရလဲ
မေမေ တဲအိုလေးလောက် မလုံခြုံပါဘူး ...
မနက်ကော်ဖီသောက် ဟန်ဘာဂါတွေစား
ဗီစာတွေက မေမေရဲ့ ပဲပြုတ်ဆီဆမ်း
ထမင်းကြမ်းလောက်မချိုမြိန်ပါဘူး။

မြို့ပြရောင်ခြည် မာကျူရီ မီးရောင်တွေက
မေမေ့ရင်ငွေ့တွေလောက်
မနွေးထွေးပါဘူးမေမေ...
နိုင်ငံတွေခြား ရေခြားမြေခြားနေပေမယ့်
လောကဓံကို အန်တုနိုင်ဖို့ မေမေရဲ့
ရှုံးတယ်ဆိုတာ ကိုယ်ကအရှုံးပေးမှဖြစ်တာဆိုတဲ့
စကားလုံးကြောင့် အားတင်းထားဆဲပါမေမေ။

အရာအားလုံး ဟောင်းနွမ်းမေ့ပျောက်သွားမယ်ဆိုတောင်
အေးမြတဲ့ မေမေ့အပြုံး အတုမရှိတဲ့ မေမေ့ မေတ္တာ
အနိုင်းမဲ့တဲ့ မေမေ ဂရုဏာတွေက
သား ဘ၀အတွက် စံပြပါပဲ။

လောကမှာ အနှိုင်းမဲ့တဲ့ သားဘ၀ရဲ့
မီးပြပေးတဲ့ မီးအိမ်ရှင်မေမေ
အဝေးတစ်နယ်က သားတစ်ယောက်
ကံဇာတ်ဆရာ အလိုကျ ကနေရပေမယ့်
မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့
အံကြိတ်ထားပြီး မေမေဆီ ပြန်လာဖို့
ကြိုးစားနေဆဲပါ မေမေ ...။

လွမ်းဆုလေး (ခ) ဆုလေးနွယ်

(သွန်းဆက် တောင်းဆိုထားသော မေမေ အတွက် ကဗျာလေးကို ဒီနေရာလေးမှ ရေးသား တင်ပြပေးလိုက်ပါတယ် အေးချမ်းပါစေ)
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်