အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နှုတ်မဆက်ချင်ဘူး

နှုတ်မဆက်ချင်ဘူး

Written By MyanmarChnnel@ on Saturday, October 26, 2013 | 7:15 PM

ချစ်သူရယ်....
မင်းအတွက် ကစားစရာဆိုပေမယ့်
ငါ့ဘက်က ရင်းနှီးလိုက်ရတာက
အဖြူရောင်နှလုံးသား တစ်စုံရယ်ပါ

မင်းအချစ်တွေက အချိန်ခါမဟုတ်
ရွာချလိုက်တဲ့ မိုးလိုပါပဲကွာ
မိုးရွာတာကမှ ခန့်မှန်းလို့ရပါသေးတယ်
အချစ်မပါတဲ့ မင်းရဲ့ ချစ်တယ် ဆိုတဲ့စကားလုံးက
မိုးကောင်းကင်တောင် အရှုံးပေးလောက်ပါရဲ့


တိမ်ညိုတွေရယ် မအုံ့မှိုင်းလိုက်ပါနဲ့
ကြယ်စင်ခတဲ့မင်းကို ကမ္ဘာမြေက
လှမ်းကြည့်နေရသူမို့ပါ

လိုချင်ခဲ့တာ နှလုံးသားကအချစ်ဆိုပေမယ့်
ပြန်ရနေတာ နှုတ်ဖျားကမို့
မချစ်ဘူးဆိုတာသိသိကြီးနဲ့
မခွဲနိုင်ခဲ့တဲ့ ငါ့နှလုံးသားတွေကြောင့်
သိရက်နဲ့ မျက်လုံးတွေ ကန်းချင်ယောင်ဆောင်နေရသူပါ

မာယာတွေနောက်ကွယ်က
အနှစ်မပါတဲ့ ဒီအချစ်တွေကို
မြတ်နိုးနေမိသေးလို့
နှုတ်ဆက်ချိန်ရောက်နေတာတောင်
ငါ နှုတ်မဆက်ရဲသေးပါဘူးကွာ....

လွမ်းဆုလေး(ခ) ဆုလေးနွယ်

အကိုဇော်မင်းသန်း အတွက်ပါ ပျော်ရွှင်ချမ်းမြေ့ပါစေ

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်